ဆယ်စုနှစ်နှစ်ခုကြာ စစ်ပွဲကို အသုံးသတ်ရန် အာဖဂန်နစ္စတန်မှ နောက်ဆုံး လက်ကျန် အမေရိကန်တပ်ဖွဲ့ဝင်များ အပြီးသတ် ထွက်ခွာသွားပြီးနောက် သြဂုတ် ၃၁ ရက်တွင် တာလီဘန်အစွန်းရောက် အစ္စလာမ္မစ်အုပ်စုက ၎င်းတို့ အာဏာအပြည့်အဝ ပြန်ရလာသည့်အထိမ်းအမှတ်အဖြစ် သေနတ်ပစ်ဖောက်ကာ အောင်ပွဲခံခဲ့ကြသည်။
သြဂုတ် ၃၀ ရက် ညပိုင်းတွင် ကဘူးမြို့လေဆိပ်မှ အမေရိကန်တပ်ဖွဲ့ဝင်များ စွန့်ခွာသွားခဲ့ပြီး ၎င်းတို့ ပါဝင်ပတ်သက်နေသော အရှည်ကြာဆုံးစစ်ပွဲသည် တစ်ခန်းရပ်သွားခဲ့ပြီဖြစ်သည်။ တာလီဘန်တို့ လက်အောက်မှ ထွက်ပြေးတိမ်းရှောင်လိုသူ ၁၂၃,၀၀၀ ကျော်အား လေကြောင်းမှ ကယ်ထုတ်မှုကို အမေရိကန်စစ်တပ်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် လုပ်ဆောင်ပေးခဲ့ပြီး ရုတ်ရုတ်သဲသဲ အခြေအနေများလည်း ဖြစ်ပေါ်ခဲ့သည်။
အမေရိကန်တို့ ထွက်ခွာသွားပြီးနောက်တွင် တာလီဘန်တိုက်ခိုက်ရေးသမားများက ကဘူးလေဆိပ်ထဲသို့ အလျင်အမြန် ဝင်ရောက်လာခဲ့သလို ကဘူးမြို့အနှံ့တွင်လည်း တာလီဘန်တို့က မိုးပေါ်ထောင်၍သေနတ်များ ပစ်ဖောက်ကာ ဝမ်းသာအားရအောင် ပွဲခံခဲ့ကြသည်။ ၂၀၀၁ တွင် အမေရိကန် ဦးဆောင်သော နိုင်ငံတကာညွန့်ပေါင်းတပ်ဖွဲ့က အာဖဂန်ကို ကျူးကျော်ကာ အယ်ခိုင်ဒါ အကြမ်းဖက်အုပ်စုကို ကျောထောက်နောက်ခံပေးနေသည့် တာလီဘန်တို့ကို ဖြုတ်ချခဲ့ပြီးနောက် အံ့အားသင့်ဖွယ် ကောင်းလောက်အောင်ပင် တာလီဘန်တို့ တစ်ကျော့ပြန် အာဏာရရှိလာခဲ့ခြင်း ဖြစ်သည်။
“အာဖဂန်နစ္စတန်အတွက် ဂုဏ်ယူပါတယ်။ ဒီအောင်ပွဲဟာ ကျွန်တော်တို့အားလုံးအတွက် ဖြစ်တယ်” ဟု တာလီဘန်ပြောခွင့်ရ ဇာဘီဟူလာမူဂျာဟစ်က ကဘူးလေဆိပ် လေယာဉ်ပြေးလမ်းပေါ်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
၁၉၉၆ မှ ၂၀၀၁ အထိ တာလီဘန်တို့ ယခင်အုပ်ချုပ်ခဲ့စဉ်က အမျိုးသမီးငယ်များနှင့် မိန်းကလေးငယ်များအပေါ် ဆက်ဆံပုံနှင့် အလွန်တင်းကျပ်သော တရားရေးစနစ် ကျင့်သုံးခဲ့သည့်အခြေအနေမျိုးနှင့် တစ်ကျော့ပြန်ကြုံလာရမည်ကို အာဖဂန်ပြည်သူအများအပြားက ထိတ်လန့်တုန်လှုပ်နေကြသည်။
သို့ရာတွင် တာလီဘန်အုပ်စုကမူ ယခင်ထက်ပို၍ပျော့ပျောင်းပြီး ပွင့်လင်းသောအုပ်ချုပ်မှုပုံစံမျိုးဖြစ်စေရမည်ဟု အကြိမ်ကြိမ် ကတိပြုထားသည်။ “အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက်ချင်ပါတယ်။ သူတို့အားလုံးနဲ့ ကောင်းမွန်တဲ့ သံတမန်ဆက်ဆံရေးကို ကျွန်တော်တို့ဘက်က ဝမ်းမြောက်ဝမ်းသာ လက်ခံပါတယ်” ဟုလည်း တာလီဘန် ပြောခွင့်ရက ဆိုသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က နောက်ဆုံးသတ်မှတ်ရက်အဖြစ် ကြေညာထားသည့် သြဂုတ် ၃၁ ရက်မတိုင်မီ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းမှုကို အပြီးသတ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။ အာဖဂန်စစ်ပွဲတွင် အမေရိကန်တပ်ဖွဲ့ဝင် ၂၄၀၀ ကျော်နှင့် အာဖဂန်ပြည်သူ သောင်းနှင့်ချီ အသက်ဆုံးရှုံးခဲ့ရသည်။
ကဘူးလေဆိပ်မှ အမေရိကန်တပ်ဖွဲ့ဝင်များကို တိုက်ခိုက်မည်ဟု တာလီဘန်အုပ်စု၏ ပြိုင်ဘက်ဖြစ်သော အာဖဂန်အခြေစိုက် အိုင်အက်စ်စစ်သွေးကြွအဖွဲ့ခွဲက ခြိမ်းခြောက်ခဲ့ပြီးနောက်တွင် အနည်းငယ်စောစီးစွာဖြင့် တပ်ရုပ်သိမ်းမှုကို အပြီးသတ်ခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သည့် သီတင်းပတ်၌ ကဘူးလေဆိပ်တွင ်ဖြစ်ပွားခဲ့သည့် အိုင်အက်စ်အသေခံ ဖောက်ခွဲရေးသမားတစ်ဦး၏ တိုက်ခိုက်မှုကြောင့် လူတစ်ရာကျော် သေဆုံးခဲ့ပြီး သေဆုံးသူများထဲတွင် အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦးလည်း ပါဝင်ခဲ့သည်။
အာဖဂန်အစိုးရတပ်များ အကြီးအကျယ်အရေးနိမ့်ခဲ့ပြီး သြဂုတ် ၁၄ ရက်တွင် မြို့တော် ကဘူးသို့ တာလီဘန်တို့ ဝင်ရောက်လာခဲ့ပြီးနောက်တွင် အမေရိကန်က ဦးဆောင်၍ လေကြောင်းမှ လူရွှေ့ပြောင်းကယ်ထုတ်မှုများကို စတင်ခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
