မြန်မာအမျိုးသားလက်ရွေးစင်အသင်းအပါအဝင် သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများကိုပါ ကိုင်တွယ်မည့် စကော့တလန်နိုင်ငံသားကြံ့ခိုင်ရေးနည်းပြ ရစ်ချတ်ဟောလော့သည် နိုဝင်ဘာ ၄ ရက်က ရန်ကုန်မြို့သို့ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် စကော့တလန်နိုင်ငံသားကြံ့ခိုင်ရေးနည်းပြ ရစ်ချတ်ဟောလော့ကို မြန်မာအမျိုးသားလက်ရွေးစင်အသင်းအတွက်သာမက သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများအတွက်ပါ ရည်ရွယ်၍ ကာလရှည်စာချုပ် ချုပ်ဆိုထားသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် စကော့တလန်နိုင်ငံသားကြံ့ခိုင်ရေးနည်းပြ ရစ်ချတ်ဟောလော့အား ချုပ်ဆိုလိုက်သည့် စာချုပ်သက်တမ်းကို တရားဝင်ထုတ်ပြန်ခြင်းမရှိသော်လည်း သက်တမ်းအလိုက် လူငယ်အသင်းများအတွက် ကြံ့ခိုင်ရေးပိုင်းကို အခြေခံမှစပြီး တည်ဆောက်လိုခြင်းကြောင့် ကာလရှည်စာချုပ် ချုပ်ဆိုထားခြင်းဖြစ်ကြောင်း သိရသည်။
ကြံ့ခိုင်ရေးနည်းပြ ရစ်ချတ်ဟောလော့သည် MFF နှင့် စာချုပ်ချုပ်ဆိုအပြီးတွင် နေရပ်သို့ခေတ္တပြန်ခဲ့ပြီး ယခုမှသာ မြန်မာ့လက်ရွေးစင်အသင်းနှင့် စတင်လာရောက်ပူးပေါင်းခြင်းဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် မြန်မာအမျိုးသားလက်ရွေးစင်အသင်းနည်းပြချုပ်အဖြစ် ဦးမျိုးလှိုင်ဝင်း၊ လက်ထောက်နည်းပြနှစ်ဦးအဖြစ် ဦးဇော်ဝင်းထွန်း၊ ဦးမင်းသူ၊ ဂိုးနည်းပြအဖြစ် ဂျာမနီနိုင်ငံသား မိုက်အန်ဒရီကို့စ်၊ ကြံ့ခိုင်ရေးနည်းပြအဖြစ် စကော့တလန်နိုင်ငံသား ရစ်ချတ်ဟောလော့တို့ ၅ ဦးကို တာဝန်ပေးအပ်ထားသည်။
စကော့တလန်နိုင်ငံသား ကြံ့ခိုင်ရေးနည်းပြ ရစ်ချတ်ဟောလော့သည် ဂျာမနီနိုင်ငံသားနည်းပြ ဖိုက်ရှ်အွန်ဘိုင်နာလက်ထက်တွင် မြန်မာ့လက်ရွေးစင်အသင်း၏ ကြံ့ခိုင်ရေးနည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်ဧပြီလအတွင်းက MFF နှင့် နှစ်ဦးသဘောတူလမ်းခွဲထားခြင်းဖြစ်ကြောင်း သိရသည်။
စကော့တလန်နိုင်ငံသား ကြံ့ခိုင်ရေးနည်းပြ ရစ်ချတ်ဟောလော့သည် MFF နှင့် လမ်းခွဲပြီးနောက် ထိုင်းလိဂ်-၃ ကလပ် ထရန့်ယူနိုက်တက်အသင်းသို့ ရောက်ရှိခဲ့ပြီး စက်တင်ဘာလကုန်အထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
ကြံ့ခိုင်ရေးနည်းပြ ရစ်ချတ်ဟောလော့သည် ယခုတစ်ကြိမ် MFF နှင့် ပြန်လည်လက်တွဲခဲ့ရာတွင် မြန်မာ့လက်ရွေးစင်အသင်းကြီးအတွက်သာမက သက်တမ်းအလိုက်လူငယ်လက်ရွေးစင်အသင်းများ၏ ကြံ့ခိုင်ရေးပိုင်းကိုပါ တာဝန်ယူဆောင် ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။
ကြံ့ခိုင်ရေးနည်းပြ ရစ်ချတ်ဟောလော့သည် မြန်မာ့လက်ရွေးစင်အသင်းကြီးကို ယခုတစ်ကြိမ် ပြန်လည်တာဝန်ယူပြီးနောက် ပထမဆုံးအဖြစ် လာမည့်နိုဝင်ဘာ ၁၅ ရက်တွင် ယှဉ်ပြိုင်ကစားရမည့် စင်ကာပူအသင်းနှင့် ခြေစမ်းပွဲအား ကြီးကြပ်ပေးရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
