၂၀၂၄ ခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကျင်းပနိုင်ရန်အတွက် ဆိုင်ခန်းများ စတင်ရောင်းချ ပြင်ဆင်နေကြောင်း နိုဝင်ဘာ ၄ ရက်တွင် သတင်းရရှိသည်။
တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကျင်းပနိုင်ရန်အတွက် တောင်ကြီးအဝေရာ မီးပုံးပျံကွင်းတွင် နိုဝင်ဘာလ အစောပိုင်းမှစတင်၍ ဆိုင်ခန်းများကို စတင်ရောင်းချနေကြပြီး စျေးဆိုင်ခန်းများ၊ မုန့်ဆိုင်များဖြင့် စည်ကားနေသည်ကို မြင်ရသည်။
ကွင်းအတွင်း ကလေးကစားကွင်းများကိုလည်း ပြင်ဆင်နေကြသည်ကို မြင်တွေ့ရပြီး ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်နေကြသည်ကိုလည်း မြင်တွေ့ရသည်။
ထို့ပြင် တောင်ကြီးမြို့ စူဠာမုနိလောက ချမ်းသာစေတီတော်တွင်လည်း မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲ ကျင်းပနိုင်ရန် စင်ကိုလည်း ပြုလုပ်နေသည်ကို မြင်တွေ့ရပြီး တောင်ကြီးမြို့ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၊ အနောက်မြို့ပတ်လမ်း အရှေ့မြို့ပတ်လမ်းတို့တွင် ပလက်ဖောင်းနှင့် လမ်းလယ်ကျွန်းများကို ဆေး သုတ်နေသည်ကိုလည်း မြင်တွေ့ရသည်။
တောင်ကြီးမြို့တွင် ကျင်းပမည့် မီးပုံးပျံပွဲတော်လည်ပတ်နိုင်ရန်အတွက် ဟိုတယ်၊ တည်းခိုခန်းများ ကြိုတင် အခန်းမှာယူထားကြသဖြင့် အခန်းပြည့်နေပြီဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို လာမည့် နိုဝင်ဘာ ၉ ရက် မှ ၁၅ ရက်အထိ ခုနစ်ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်အသင်းထံမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
