ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့၊ ဒေါဖျာကျေးရွာနေ ပြည်ခိုင်ဖြိုးပါတီရပ်/ကျေး ဥက္ကဌဖြစ်သူ ဦးအောင်ထွန်းဆိုသူမှာ နိုဝင်ဘာလ (၃) ရက်နေ့ ညပိုင်းအချိန်က သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရပြီး၊ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ဒေါဖျာကျေးရွာနေ ပြည်ခိုင်ဖြိုးပါတီရပ်/ကျေး ဥက္ကဌဖြစ်သူ အသက်(၄၆)နှစ်အရွယ် ဦးအောင်ထွန်း ဆိုသူမှာ နိုဝင်ဘာလ( ၃ )ရက်နေ့ ည ၈ နာရီအချိန်ခန့်က ဒေါဖျာကျေးရွာရှိ ဒေါဖျာချောင်း ကူးတို့ဆိပ်ကမ်းရှိ ၎င်း၏ကုန်စုံဆိုင်မှ နေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ်နေအိမ်ရှေ့ ခြံပေါက်ဝတွင် အမည်မသိ သေနတ်သမားတစ်ဦးမှ သေနတ်ဖြင့်ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ဦးအောင်ထွန်း သူ့အိမ်ရှေ့ကို ရောက်လို့ ဆိုင်ကယ်ရပ်လိုက်တဲ့အချိန်မှာဘဲ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာလို့ သိရတယ်။ သေနတ်သမားကတော့ ဆိုင်ကယ်နဲ့ထွက်ပြေးသွားတယ်” ဟု ပြောကြားသည်။
သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် ဦးအောင်ထွန်းတွင် ဝမ်းဗိုက်တွင်ကျည်ဖေါက်တင်ဒဏ်ရာ တစ်ချက်ရရှိခဲ့ကြောင်းနှင့် ၎င်းအား ကျုံဒိုးမြို့ရှိ ကျုံဒိုးတိုက်နယ်ဆေးရုံမှတဆင့် ဘားအံမြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှုပေးထားကြောင်း၎င်းဒေသခံက ဆိုသည်။
အဆိုပါ ဒေါဖျာကျေးရွာနေ ကြံ့ခိုင်ရေးပါတီမှ ရပ်ကျေး ဥက္ကဌဖြစ်သူ ဦးအောင်ထွန်း အား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမှ မည်သည့်အကြောင်းကြောင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ကို မသိရသေးပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
