ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ် စနစ်ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ရန် အတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) မှ ကော်မတီဝင်များ၊ တစ်နိုင် ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့မှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီ ၁၁ ပါတီမှ ကိုယ်စားလှယ်များသည် နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ နယူးဒေ လီမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ် စနစ်ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ရန် အတွက် မြန်မာနိုင်ငံ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော် မတီဝင်များ၊ လက်မှတ်ရေးထိုးထားသော လက်နက်ကိုင် နဗဥ ခေါင်းဆောင်များနှင့် အတူ နိုင်ငံရေးပါတီအစုအဖွဲ့ အလှည့်ကျ ခေါင်းဆောင်ဖြစ်သူ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကို ကိုကြီးသည် နိုင်ငံရေးပါတီ ၁၁ ပါတီမှ ကိုယ် စားလှယ်များနှင့်အတူ ယနေ့ နံနက်က ရန် ကုန်မြို့မှ နယူးဒေလီမြို့သို့ ထွက်ခွာသွားကြ သည်ဟု ပြည်သူ့ပါတီက နိုဝင်ဘာ ၄ ရက် နံ နက်ပိုင်းတွင် ဖော်ပြခဲ့သည်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ပြုလုပ် မည့် အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ရန် အတွက် အိန္ဒိယနိုင်ငံက ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)မှ ကော်မတီဝင်များ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့မှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီ ၁၁ ပါတီမှ ကိုယ်စားလှယ်များ၏ အိန္ဒိယ ခရီးစဉ် သည် နိုဝင်ဘာ ၄ ရက်မှ ၇ ရက်အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
