အိန္ဒိယနိုင်ငံ အယ်မိုရာခရိုင်ရှိ မာချူလာမြို့အနီးတွင် နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက ခရီးသည် ၃၅ ဦးမှ ၄၀ ကြား တင်ဆောင်လာသော ဘတ်စ်ကားတစ်စီး ချောက်နက်အတွင်းသို့ ထိုးကျခဲ့သောကြောင့် လူ ၃၆ ဦးကျော်သေဆုံးကာ ငါးဦးထက်မနည်း ပျောက်ဆုံးလျက်ရှိကြောင်း အယ်မိုရာ၏ သဘာဝဘေးအန္တ ရာယ်စီမံခန့်ခွဲရေးအရာရှိ ဗီနက်ပယ်က Times of India သတင်းကို ပြောပြခဲ့သည်။
“သေဆုံးသူ ၂၀ ထက်မနည်းရှိတယ်လို့ အတည်ပြုထားပြီး ဒဏ်ရာရရှိသူတွေကို ဆေးကုသမှုခံယူဖို့ နီးစပ်ရာ ဆေးရုံတွေဆီ ပို့ဆောင်ခဲ့ပါတယ်။ ဒေသခံရွာသားတွေက အပျက်အစီးတွေအောက် ပိတ်မိနေသေးတဲ့ ခရီး သည်တွေကို တွေ့ရှိနိုင်ဖို့ ကယ်ဆယ်ရေး လုပ်သားတွေကို ကူညီပေးနေပါတယ်”ဟု တာဝန်ရှိသူများက အစောပိုင်းတွင် ပြောကြားခဲ့ကာ ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်ခဲ့သောကြောင့် သေဆုံးသူ မြင့်တက်လာခြင်း ဖြစ်သည်။
ပြည်နယ်သဘာဝဘေး အန္တရာယ်တုံ့ ပြန်ဆောင်ရွက်ရေးတပ်ဖွဲ့(SDRF)၊ ဒေသခံရဲတပ်ဖွဲ့နှင့် ဆေးဘက်ဆိုင်ရာ အဖွဲ့များအပါအဝင် အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့များသည် အခင်းဖြစ်ပွားသည့်နေရာသို့ ချက်ချင်းရောက်ရှိခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။
အယ်မိုရာတာဝန်ရှိသူများနှင့် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေး တာဝန်ရှိသူများက လက်ရှိကယ်ဆယ်ရေး ကြိုးပမ်းဆောင်ရွက်မှုများကို ကြီးကြပ်ခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်ရုံးက အမျိုးသားသဘာဝ ဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေးတပ်ဖွဲ့(NDRF)က ရှာဖွေရေးနှင့်ကယ်ဆယ်ရေး ဆောင်ရွက်မှုတွင် ပူးပေါင်းကူညီခဲ့ကြောင်း အတည်ပြုခဲ့သည်။
အသက်ရှင်သူများမှ ကနဦး အစီရင်ခံစာများအရ ထိုင်ခုံ ၄၂ ခုံပါ ဘတ်စ်ကားသည် ချောက်အတွင်းသို့ ထိုးကျခဲ့ချိန်တွင် ပြုတ်ကျသည့်အရှိန်ကြောင့် အချို့ခရီးသည်များ လွင့်ထွက်သွားခဲ့ပြီး အချို့မှာ မိမိကိုယ်ကိုယ်လွတ်မြောက်ရန် ကြိုးပမ်းခဲ့ကြကြောင်း ပြောကြားခဲ့သည်။ ချောက်အပေါ်သို့ ဘေးကင်းစွာ ပြန် လည်တက်ရောက်ခဲ့သူများက အာဏာပိုင်များထံ လှမ်းအကြောင်းကြားခဲ့ကြသည်ဟု ဆိုသည်။
အာဏာပိုင်များက ယင်းမတော်တဆမှု ဖြစ်စဉ်သည် စက်ချို့ယွင်းမှုကြောင့် သို့မဟုတ် အခြားအကြောင်းအရင်းများကြောင့် စသည့် ဖြစ်နိုင်ခြေများကို စုံစမ်းစစ်ဆေးလျက်ရှိသည်။
ယင်းဘတ်စ်ကားသည် Garwhal Motor Owners Union ကုမ္ပဏီ(GMOU)က ပိုင်ဆိုင်သောယာဉ်ဖြစ်သည်။
ဥတ္တရာခန်းပြည်နယ်ဝန်ကြီးချုပ် ပွတ်ရှ် ကာဆင်းဒါမီက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ဌာန၏ အတွင်းရေးမှူး၊ ကူမာရွန်ဌာနခွဲမှ ကော်မရှင်နာနှင့် ခရိုင်တရားသူကြီးတို့ကို ဖုန်းခေါ်ဆိုကာ ဘတ်စ်ကား မတော်တဆမှုဖြစ်စဉ်မှ သတင်းအချက်အလက်များကို ရယူခဲ့ပြီး ကယ်ဆယ်ရေးနှင့် ကူညီရေးဆောင်ရွက်ချက် များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ကြရန် ညွှန်ကြားခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီက ယင်းဘတ်စ်ကား မတော်တဆမှုဖြစ်စဉ်အတွင်း သေဆုံးခဲ့သူများအတွက် ကျန်ရစ်သူမိသားစုနှင့် ထပ်တူ စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားခဲ့သည်။
မိုဒီ၏ရုံးက သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုအတွက် နစ်နာကြေးရူပီးနှစ်သိန်း နှင့် ဒဏ်ရာရရှိ သူများအတွက် ရူပီးငါးသောင်း ငွေကြေးထောက်ပံ့သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ဟိမဝန္တာဒေသရှိ တောင်ထူထပ်သော လမ်းများတွင် လမ်းမတော်တဆမှုများ ဖြစ်ပွားလေ့ရှိကာ အကွေ့အကောက်များသော မြေအနေအထားတွင် ပြုပြင်ထိန်းသိမ်းမှု အားနည်းမှုနှင့် မဆင်မခြင်ယာဉ်မောင်းနှင်မှုများကြောင့် အဓိကဖြစ်ပွားလေ့ရှိသည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
