၂၀၂၄ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်အုပ်စု ဒုတိယအကျော့ပွဲစဉ်ကို ယနေ့ နိုဝင်ဘာ (၅) ရက် နံနက်ပိုင်းက ကမ္ဘောဒီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ မြန်မာလင်ရွေးစင်ဖူဆယ်အသင်း ထပ်မံအနိုင်ရရှိခဲ့ပြန်သည်။
ယနေ့ ပွဲစဉ်အတွင်း မြန်မာအသင်းက ပြိုင်ဘက်အသင်းကို (၅) ဂိုးသွင်းယူနိုင်ခဲ့ပြီး၊ ကမ္ဘောဒီးယားအသင်းက (၄) ဂိုး သွင်းယူခဲ့ကြခြင်းဖြစ်သည်။
ယမန်နေ့က အုပ်စုအဖွင့်ပွဲစဉ်အတွင်း မြန်မာအသင်းက ဩစတြေးလျအသင်းကို (၃)ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်အောင် ကစားပြနိုင်ခဲ့သည်။
မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းနည်းပြချုပ် Mr. Bunl ert Cheorawong က “ဒီနေ့ပွဲမှာ ကမ္ဘောဒီး ယားအသင်းက အရင်ကထက်ပိုကောင်းအောင်ပြင်ဆင်လာခဲ့တယ်။ ဒီနေ့ ကျွန်တော်တို့ အသင်းဟာ ပြိုင်ဘက် ကစားကွက် နောက်ကိုလိုက်ပြီး ကစားနေခဲ့တယ်။ ဒုတိယပိုင်းမှာ ကစားကွက်ပိုမိုကောင်းမွန်လာခဲ့ပေမယ့် တိကျတဲ့ အဆုံးသတ်တွေတော့ မရရှိခဲ့ပါဘူး။ ဒါပေမဲ့ တိုက်ပွဲဝင် စိတ်ဓါတ်အပြည့်နဲ့ အနိုင် ရရှိအောင် ကစားပေးခဲ့တဲ့ ကစားသမားအားလုံးကို ကျေးဇူးတင်ပါတယ်”ဟု ပွဲပြီး သုံးသပ်စကားပြောကြားခဲ့သည်။
မြန်မာအသင်းအနေဖြင့် မနက်ဖြန် နိုဝင်ဘာ (၆) ရက်တွင် အင်ဒိုနီးရှားအသင်းဖြင့် အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်ကို ဆက်လက် ကစားသွားရမည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ၂၀၂၄ အာဆီယံ ဖူဆယ် ချန်ပီယံရှစ် ပြိုင်ပွဲ အုပ်စု (ခ)၌ ပါဝင်ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး၊ ပြိုင်ပွဲကို ထိုင်းနိုင်ငံ Nakhon Ratchasima မြို့တွင် ကျင်းပပြုလုပ်နေခြင်းဖြစ်သည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
