ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တန်ဆောင်တိုင်မီးပုံးပျံ ပွဲတော်အကြိုကာလမြို့တွင်း ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို အထူးကြပ်မတ်စစ်ဆေးလျှက်ရှိပြီး လိုင်စင်မဲ့ယာဉ်နှင့် စည်းကမ်းမဲ့ ဆိုင်ကယ်စီးနင်းမှုများ ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်နေကြောင်း ဒေသခံတစ်ဦးကပေါ် ပြူလာနယူးစ်သို့ ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလမှစ၍ လိုင်စင်မဲ့ယာဉ်အပါအဝင် စည်းကမ်းမဲ့ မောင်းနှင်သူများအား ပညာပေးကာလအဖြစ်သတ်မှတ်၍ ယင်းလ နောက်ဆုံးပတ်အတွင်း စတင်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ယင်းကဲ့သို့ ဖမ်းဆီးစစ်ဆေးရာတွင် မြို့တွင်းလမ်းမကြီးပေါ်များတွင်သာမက အခြားသောလမ်းသွယ်များအတွင်း၌လည်း စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။
” ဒီရက်ပိုင်း ရက်ဆက် စည်းကမ်းမဲ့ရော လိုင်စင်ရှိတာရော အားလုံးကို စိစစ်ပြီးဖမ်းနေတယ်။ နောက်တစ်ခု လိုင်စင်မဲ့တွေကိုတော့ မြို့အဝင်အထွက်ဂိတ်တွေမှာ တင်းတင်းကြပ်ကြပ် စစ်ဆေးနေတာတွေ့တယ်။ ပညာပေးကာလလည်း ပြီးပြီ။ အဲဒီတော့ယာဉ်ပိုင်ရှင်တွေကလည်း ထိန်းထိန်းသိမ်းသိမ်းမောင်းနေကြတာပေါ့။ အဓိက ကတော့တန်ဆောင်တိုင်ပွဲတော်ကာလအတွက် ဖောက်ခွဲမှုတွေမရှိအောင် လက်နက်တွေကိုလည်းတစ်ပါတည်း စစ်ဆေးနေကြတာပေါ့။ ပွဲတော်ကြောင့် စည်းကမ်းမဲ့မောင်းနှင်တာတွေကို အရင်ကထက် ပိုကြပ်မတ်လာတယ်ဗျ”ဟု ၎င်းက ရှင်းပြသည်။
လက်ရှိတွင် တောင်ကြီးမြို့ပေါ်၌ နေ့ရော ညပါ ယာဉ်စစ်အဖွဲ့များ လိုက်လံစစ်ဆေးမှုများ လုပ်ဆောင်နေသလို အထ က( ၁ ) တောင်ဘက် သစ်တောလမ်းဆုံ – ထိုင်းရိုင်းဘက်တွင် လည်းကောင်း၊ ရေထွက်ဦးလမ်း တရုတ်မယ်သီလရှင် ကျောင်းအနီးတွင်လည်းကောင်း အသီးသီးစစ်ဆေးမှုများဆောင်ရွက်နေကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၂၈) ရက်မှ နိုဝင်ဘာလ (၃) ရက်အထိ တောင်ကြီးမြို့ ယာဉ်ထိန်းရဲအဖွဲ့က စည်းကမ်းမဲ့ မောင်နှင်သည့် ဆိုင်ကယ်များနှင့် လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးအရေးယူမှု အရေအတွက်မသိရှိရသော်လည်း ဖမ်းဆီးထားသည့်ယာဉ်အရေ အတွက်များနိုင်ကြောင်း သိရသည်။
“ယာဉ်ထိန်းရုံးမှာတော့ ဒီလောက်မရှိပေမယ့် အမှတ် (၁) စ ခန်းထဲမှာတော့ အရင်ဖမ်းဆီးထားတာတွေရော အခုဖမ်းမိတာတွေရော များတော့များတယ်”ဟု အဆိုပါဒေသခံကပင် ဖြည့်စွက်ပြောသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
