လူထုစစ်တမ်းများက အမေရိကန်ရွေးကောက်ပွဲကို အကြိတ်အနယ်ဖြစ်စေသည်ဆိုသော်လည်း အမေရိကန်နိုင်ငံသားများ မဲပေးလျက်ရှိစဉ် ထိုင်းစူပါစတား ရေမြင်းပေါက်လေးက သမ္မတဟောင်းဒေါ်နယ်ထရန့် အနိုင်ရမည်ဟု ခန့်မှန်းခဲ့သည်။
Khao Kheow Poen တိရစ္ဆာန်ရုံရှိ ရေမြင်းသားပေါက်လေးသည် ချစ်စရာကောင်းသော ဟာသဆန်ဆန်လုပ်ရပ်များကြောင့် အင်တာနက်ပေါ်တွင် နာမည်ကြီးလာခဲ့သည်။
သွက်လက်သော ဝက်ကလေးဟု အဓိပ္ပာယ်ရသည့် မူဒိန်းရေမြင်းက ဒီမိုကရက်ကာမလာဟဲရစ်ကို ရီပတ်ဘလီကင် ဒေါ်နယ်ထရန့်က အနိုင်ရမည်ဟု ခန့်မှန်းခဲ့သည်။
အသီးတစ်လုံးစီ၌ အမေရိကန်သမ္မတလောင်းတစ်ဦးစီ၏ အမည်ပါသောအလှပုံဖော်ထားသော အသီးထည့်ထားသည့် ပန်းကန်နှစ်ချပ်ကို လေးလသားအရွယ်ရေမြင်းလေးထံပေးခဲ့ရာ ရေမြင်းလေးက ထရန့်အား ရွေးချယ်ခဲ့သည်ကို တိရစ္ဆာန်ရုံက အွန်လိုင်းတင်ခဲ့သော ဗီဒီယို၌ မြင်ရသည်။
ဟာသပညာရှင် ဘိုဝမ်ယန်းက Saturday Night Live ဟာသအစီအစဉ်တွင် ရေမြင်းလေးကို ဖော်ပြခဲ့သဖြင့် ရေမြင်းလေး မူဒိန်းသည် အမေရိကန်ပြည်ထောင်စုတွင်လည်း ထူးထူးခြားခြား နာမည်ကြီးနေသည်။ ယခင်က ရေဘဝဲပေါလ်သည် ကမ္ဘာ့အဆင့်ပွဲများကို ခန့်မှန်းကာ ထင်ရှားခဲ့ဖူးသည်။
၂၀၁၀ ကမ္ဘာ့ဖလားတွင် ပေါလ်သည် ပွဲရှစ်ပွဲ မှန်အောင် ခန့်မှန်းခဲ့ဖူးသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
