တောင်ကြီး မီးပုံးပျံပွဲတော်ကာလ ခရီးသွားယာဉ်များအနေဖြင့် လမ်းလွှဲများမှ မောင်းနှင်ကြရန်သတ်မှတ်ထားကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးထံက သိရသည်။
တောင်ကြီးမြို့ကိုဖြတ်၍ သွားလာကြမည့် (၁၂) ဘီးကုန်တင်ယာဉ်များနှင့် ခရီးသည်တင် မှန်လုံယာဉ်များကို ယမန်နေ့ အောက်တိုဘာ (၄) ရက်၊ ညနေ (၆) နာရီမှစတင်၍ ယာယီလမ်းလွှဲစနစ်သတ်မှတ်ကာ ဖြတ်သန်းမောင်းနှင်ခွင့်ပြုထားကြောင်း သိရသည်။
ထိုသို့ ဖြတ်သန်းမောင်းနှင်ရာ၌ ယခင် မြို့တွင်းမောင်းနှင်သည့် လမ်းများအစား အနောက်မြို့ပတ် (၁၆) ထပ် ပန်းခြံ မှတဆင့် ဗိုလ်ချုပ်ပန်းခြံ မီးပွိုင့်မှ အရှေ့မြို့ပတ်လမ်း ပန်းလှိုင်ဆေးရုံမီးပွိုင့်အထိ ယာယီလမ်းလွှဲမောင်းနှင်ခွင့်ပြုထားကြောင်း သိရသည်။
” ပွဲရက်နီးတာလည်းပါသလို အနောက်မြို့ပတ်လမ်း ဝါးပြားလမ်းဆုံကနေ ဧရာဝတီ ကဖေးအထိ လမ်းပြုပြင်နေလို့လည်း သိရပါတယ်”ဟု ၎င်းကဆိုသည်။
၂၀၂၄ ခုနှစ် တောင်ကြီး တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲ တော်ကို နိုဝင်ဘာ (၉) ရက်မှ (၁၅) ရက်အထိ (၇)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ ပွဲတော်တွင် ညမီးကြီး မီးပုံးပျံ (၂၆) လုံး၊ စိန်နားပန် မီးပုံးပျံ (၂၄) လုံး စုစုပေါင်းအလုံးရေ (၅၀) အပါအဝင် နေ့လွှတ်ခြေနှစ်ချောင်း (၁၄၇) လုံး၊ ခြေလေးချောင်း (၃၈)လုံး၊ အရုပ်အုပ်စု (၂၃) လုံး အသီးသီး လွှတ်တင်သွားမည်ဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
