Black List စာရင်းတွင် ပါဝင်သူများကို ပြည်ပသို့ ထွက်ခွာခွင့်မပြုမိစေရေး စနစ်တကျစိစစ်တားဆီးရန် လဝက ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။
နိုဝင်ဘာ ၄ ရက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အစည်းအဝေး ခန်းမတွင် လေဆိပ်ရှိဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများဆောင်ရွက် ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြစ်စေရေး၊ နိုင်ငံတကာအဆင့်မီ စိစစ်ဆောင်ရွက်နိုင်ရေးနှင့် နည်းပညာတတ်ကျွမ်းနားလည်စေရေး ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ပြင် (Black List) အမည်မည်းစာရင်း ရေးသွင်းထားသူများ ပြည်ပသို့ ထွက်ခွာခွင့်မပြုမိစေရန် စနစ်တကျစိစစ်တားဆီးနိုင်ရေးနှင့် အမည်မည်းစာရင်းမရှိသူများကို မှားယွင်းတားဆီးမှုမရှိစေရေးအလေးထား ဂရုပြုဆောင်ရွက်ရန် လိုကြောင်း ပြောကြားသည်။
ထို့ပြင် ဝန်ထမ်းများအနေဖြင့် လုံခြုံရေးအသိ၊ သတိများ အမြဲရှိစေရန် လိုအပ်ပြီး ဆက်စပ်ဌာနများနှင့်လည်း ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းက နာမည်ကြီးရွှေဆိုင်တစ်ဆိုင်ဖြစ်သည့် အောင်သမာဓိ ရွှေဆိုင်ပိုင်ရှင် ဦးအောင်မှာ မန္တလေးလေဆိပ်မှ တစ်ဆင့် ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့်သွားရောက်ရန် စီစဉ်ခဲ့သော်လည်း လေဆိပ်မှ ပြန်လွှတ်ခံရသည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။ အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်မှာ ရွှေဈေးကစားမှုဖြင့် ဖမ်းဝရမ်းထုတ်ထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ယခုနှစ် နှစ်ဆန်းပိုင်းက ထုတ်ပြန်ကြေညာထားသည်။
လက်ရှိတွင် ပြည်ပသို့အလုပ်သွားရောက်လုပ်ကိုင်မည့်သူများအနေဖြင့်လည်း PV အမျိုးအစားပတ်ပို့စ်ဖြင့် သွားရောက်လုပ်ကိုင်ခွင့်မပြုဘဲ ယင်းပတ်ပို့စ်အမျိုးအစားဖြင့် သွားရောက်မည်ဆိုပါက လေဆိပ်မှတစ်ဆင့် ပြန်လွှတ်ခြင်းများရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
