နီဗားဒါးတွင် မဲစာရင်းပေးသည့် လာ့စ်ဗီးဂတ်စ်အဆောက်အအုံကို လုံခြုံရေး သံဆူးကြိုးခတ်ထားသည်။ အရီဇိုးနားပြည်နယ် ခရိုင်ရဲအရာရှိတစ်ဦးက အကြမ်းဖက်လုပ်ရပ်များဖြစ်လာနိုင်ခြေအတွက် သူ့ဌာနကို တပ်လှန့်ထားပြီး အသင့်အနေအထားလုပ်ထားရန် ညွှန်ကြားထားသည်ဟု ဆိုသည်။ အနည်ဆုံး ပြည်နယ်အုပ်ချုပ်ရေးမှူးသုံးဦးခန့်သည် ငြိမ်းချမ်းရေးထိန်းသိမ်းရာတွင် အထောက်အကူပေးရန်အတွက် နိုင်ငံတော်အစောင့်တပ်ဖွဲ့ဝင်များကို တောင်းဆိုထားသည်။
ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်နှင့် ဒီမိုကရက်တစ် ဒုတိယသမ္မတ ကမ်မလာဟဲရစ် မည်သူကို ရွေးမည်နည်း ဆိုသည့် အကြိတ်အနယ်ရှိလှသော မဲပေးပွဲကြောင့် နိုင်ငံရေးဆိုင်ရာ အကြမ်းဖက်မှုများ ဖြစ်လာနိုင်ခြေကို စိုးရိမ်မှုများ မြင့်တက်နေသဖြင့် တာဝန်ရှိသူများသည် ရွေးကောက်ပွဲနေ့နှင့် ရွေးကောက်ပွဲအပြီးတွင် လုံခြုံရေးကောင်းစေရန် အမျိုးမျိုးသော အစီအမံများဖြင့် အားစိုက် ဆောင်ရွက်နေသည်။
နီဗားဒါးကဲ့သို့ သမ္မတရွေးကောက်ပွဲအတွက် အဆုံးအဖြတ်ဖြစ်မည့် အကြိတ်အနယ်ယှဉ်ပြိုင်ရသော ပြည်နယ်များတွင် လုံခြုံရေး အထူးတင်းကြပ်ထားသည် ကို တွေ့မြင်နိုင်သည်။ အဆိုပါပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်ကို ထောက်ခံသူများ၏ ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။
ယခုနှစ်တွင် လာ့စ်ဗီးဂတ်စ် မဲစာရင်းပြုစုရေးစင်တာ၏ ဆန္ဒပြနေရာအချို့ကို လုံခြုံရေးစည်းခတ်ထားသည်။ နီဗားဒါးပြည်နယ် အုပ်ချုပ်ရေးမှူးက စိန်ခေါ်မှုမှန်သမျှကို အချိန်နှင့်တပြေးညီ တုန့်ပြန် ဖြေရှင်းနိုင်စေရန်အတွက် နိုင်ငံတော် အစောင့်တပ်ဖွဲ့ဝင် ၆၀ ခန့်ဖြင့် ကန့်သတ်တပ်ဖွဲ့ အစီအမံကို စတင်လုပ်ဆောင်နေသည်ဟု ပြီးခဲ့သည့်သီတင်းပတ်တွင် ပြောဆိုသည်။
အရီဇိုးနားပြည်နယ်တွင် ဖီးနစ်မြို့လယ်ရှိ Maricopa ကောင်တီ မဲစာရင်းပြုစုရေးစင်တာတွင် အလားတူ သံဆူးကြိုးအတားအဆီးများချထားသည်။ ယင်းနေရာသည် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲကာလက ရွေးကောက်ပွဲဆိုင်ရာ ပူးပေါင်းကြံစည်မှုများနှင့် ရွေးကောက်ပွဲတာဝန်ရှိသူများကို ခြိမ်းခြောက်မှုများဖြစ်ခဲ့ရာ အဓိကနေရာဖြစ်သည်။
သူ့ဌာနအနေဖြင့် ခြိမ်းခြောက်မှုများနှင့် အကြမ်းဖက်မှုများအတွက် တပ်လှန့်မှုမြှင့်ထားမည်ဖြစ်ကာ တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများကို ညွှန်ကြားထားသည်ဟု ရဲအရာရှိ ရပ်စ် စကင်နာက ပြောဆိုခဲ့သည်။
ဆန္ဒပြပွဲများ သို့မဟုတ် အကြမ်းဖက်မှုများဖြစ်လာနိုင်ခြေအပေါ် စိုးရိမ်မှုများကြောင့် အရီဇိုးနားပြည်နယ်တွင် ယခင်က မဲရုံများအဖြစ် အသုံးပြုခဲ့သော ကျောင်းများနှင့် ဘုရားကျောင်းအများအပြားကို ယခုနှစ်တွင်မူ မဲရုံများအဖြစ် အသုံးပြုတော့မည်မဟုတ်ဟု အရီဇိုးနားပြည်နယ် ရွေးကောက်ပွဲအရာရှိတစ်ဦးက ရိုက်တာကို ပြောဆိုခဲ့သည်။
Ref: ယူအက်စ်နူးစ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
