ရွှေသံလွင်မြန်မာမီဒီယာ၏ Sky Net လက်အောက်ရှိ One News သတင်းချန်နယ် နှင့် ရုပ်သံလိုင်းအချို့ ရပ်နားလိုက်ကြောင်း အဆိုပါ ရုပ်သံလိုင်းများနှင့် နီးစပ်သူများထံမှ သိရသည်။
နိုဝင်ဘာလပိုင်းမှ စတင်ကာ အဆိုပါ ရုပ်သံလိုင်းများကို ရပ်နားလိုက်ခြင်းဖြစ်ပြီး One News သတင်းချန်နယ်၏ လူမှုကွန်ရက် စာမျက်နှာတွင်လည်း သတင်းများ ဆက်လက်ဖော်ပြခြင်းမရှိသည်ကို တွေ့ရသည်။
“One News သတင်းချန်နယ်နဲ့ တခြား ချန်နယ်တွေလည်း ပါတယ်ပြောတယ်။ Sky Net ကလွှင့်တဲ့ တချို့ချန်နယ်လိုင်းတွေကို ရပ်နားလိုက်တာ။ ဝန်ထမ်းတွေကိုတော့ တခြားကျန်ရှိသေးတဲ့ ချန်နယ်တွေမှာ လုပ် ကိုင်ခွင့်ပြုထားတယ်။ အလုပ်ထုတ်တာ တော့ မကြားမိသေးဘူး” ဟု အဆိုပါသတင်း ချန်နယ်များနှင့် နီးစပ်သူတစ်ဦးက ပြောကြား သည်။
One News သတင်း Channel သည် ပြည်တွင်းသတင်းများကို အဓိကထုတ်လွှင့် ခဲ့ပြီး အောက်တိုဘာ ၃၀ ရက်၌ “ဗဟိုအမျိုး သမီးဆေးရုံကနေ ခိုးယူခံရသည့် ကလေး ငယ် ပြန်တွေ့” ဆိုသည့် သတင်းနောက်ပိုင်း တွင် မည်သည့်သတင်းမျှ တင်ခြင်းမရှိတော့ သည်ကို တွေ့ရသည်။
“အရင်တုန်းကဆိုရင် Asia Movies ဆိုရင် ၂၀ လောက်မှာရှိတယ်။ အားကစား လိုင်းတွေက နံပါတ် ၆၀ ကျော်တွေမှာရှိ တယ်။ အခုဆို နံပါတ် ၂၀ ဝန်းကျင်မှာ အား ကစားချန်နယ်တွေ ရောက်သွားတယ်။ ဒီတစ် ပတ်လာမယ့် စနေ၊ တနင်္ဂနွေကို စောင့်ကြည့် ရမယ်။ ပရီးမီးယားလိဂ်ကို အရင်တုန်းက တစ်ချိန်တည်းကန်နေရင် လိုင်းလေးလိုင်း လောက်မှာ လေးပွဲကြည့်လို့ရတယ်။ အခုတော့ ဘယ်လိုဖြစ်မလဲ ကြည့်ရဦးမယ်” ဟု Sky Net ကြည့်ရှုသူတစ်ဦးက ပြောကြားသည်။
ရွှေသံလွင်မြန်မာမီဒီယာကို ဦးကျော်ဝင်းက ပိုင်ဆိုင်ပြီး ၂၀၁၀ ပြည့်နှစ်က စတင် တည်ထောင်ကာ အခပေးရုပ်သံလိုင်းအဖြစ် Sky Net ပေါင်း ၇၀ ကျော် ထုတ်လွှင့်ပြသ ခဲ့သည်။ လက်ရှိတွင် လျှော့ချလိုက်သည့် ရုပ်သံ Channel များအရ Channel ၅၀ ခန့်သာ ရှိတော့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
