ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ရေ ငုပ်သင်္ဘောကြောင့် နစ်မြုပ်ခဲ့ရသည့် ကုန်တင်သင်္ဘောကြီးတစ်စင်းအား အတော်အတန် ခြေရာလက်ရာမပျက်သည့် အနေအထားဖြင့် သြစတြေးလျအနောက်တောင်ကမ်းရိုးတန်း၏ ကမ်းလွန်ပင်လယ်ပြင်တွင် တွေ့ရှိခဲ့သည်ဟု ရှေးဟောင်းသုတေသီများက ဧပြီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
၁၉၄၂ ခုနှစ် ဇွန် ၄ ရက်က သြစတြေးလျတောင်ပိုင်း ကမ်းရိုးတန်းအလွန် ဗစ်တိုးရီးယားပြည်နယ်အနီးတွင် သတ္တုရိုင်းများ တင်ဆောင်လာသည့် SS Iron Crown သင်္ဘောသည် တော်ပီဒိုတစ်စင်းဖြင့် ပစ်ခံလိုက်ရသည်။ ယင်းနောက် သင်္ဘောသည် စက္ကန့် ၆၀ အတွင်း နစ်မြုပ်သွားပြီး သင်္ဘောပေါ်ရှိ သင်္ဘောသား ၄၃ ဦးအနက် ၃၈ ဦး သေဆုံးခဲ့သည်။ “သင်္ဘောရဲ့နောက်ဆုံးတည်နေရာကို ၇၇ နှစ်ကြာအောင်မသိဘဲ နေခဲ့ရပြီးနောက် အခုလို ပြန်လည်တွေ့ရှိမှုဟာ ကျန်ရစ်သူ မိသားစုဝင်တွေ၊ သြစတြေးလျရေကြောင်းဆိုင်ရာ အသိုင်းအဝိုင်းအတွက် ပြီးဆုံးမှုကို ဆောင်ကြဉ်းပေးနိုင်မှာပါ” ဟု Heritage Victoria မှ ရှေးဟောင်း သုတေသီ ပီတာဟာဗေးက ပြောကြားခဲ့သည်။
ဗစ်တိုးရီးယားကမ်းရိုးတန်း၏ ၆၂ မိုင်အကွာ၊ ရေအောက်အနက် မီတာ ၇၀၀ ၌ မီတာ ၁၀၀ (၃၂၈ပေ) ရှိသော ထိုသင်္ဘောကို အတော်အတန်မပျက်စီးသေးသော အနေအထားဖြင့် ပညာရှင်တို့က တွေ့ခဲ့ခြင်း ဖြစ်သည်။ ၁၉၄၂ ခုနှစ် ဇွန် မှ ၁၉၄၃ ခုနှစ်အထိ ဂျပန်သည် သြစတြေးလျအရှေ့ဘက်ကမ်းရိုးတန်းသို့ ရေငုပ်သင်္ဘော ၁၃ စင်းစေလွှတ်ခဲ့ခြင်းကြောင့် သြစတြေးလျသင်္ဘော ၂၂ စင်း နစ်မြုပ်ကာ လူ ၁၉၄ ဦး အသက်ဆုံးရှုံးခဲ့ရသည်။ Ref ; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
