၂၀၂၀ ပြည့်နှစ်တွင် အလိုအလျောက် မောင်းနှင်နိုင်သော ‘ရိုဘော့တက္ကစီ’ များ စတင်ပြေးဆွဲနိုင်ရန် မျှော်လင့်သည်ဟု Tesla က ဧပြီ ၂၂ ရက်တွင် ထုတ်ပြန်ရင်း မောင်းသူမဲ့ယာဉ်များအတွက် အဆင့်မြှင့်ထားသည့် နည်းပညာအကြောင်းကိုလည်း ထုတ်ဖော်ခဲ့သည်။
ယာဉ်ပိုင်ရှင်များက ၎င်းတို့၏ယာဉ်များကို မျှဝေရန် သဘောတူပါက လမ်းပေါ်ရှိ Tesla ကားများထဲမှအချို့ကို အသုံးပြုနိုင်မည်ဖြစ်သည့် မောင်းသူမလို အငှားလုပ်ငန်းအတွက် စည်းကမ်းထိန်းသိမ်းသူများထံမှ ခွင့်ပြုချက်အချို့ကိုရရန် မျှော်လင့်သည်ဟု ရင်းနှီးမြှုပ်နှံသူများ ရှင်းလင်းပွဲတစ်ခုတွင် Tesla ၏ အမှုဆောင်ချုပ် အီလန်မက်စ်က ပြောကြားခဲ့သည်။
“လာမယ့်နှစ်မှာ မောင်းသူမလို ရိုဘော့ တက္ကစီတွေ ရှိလာလိမ့်မယ်လို့ ကျွန်တော်ဘက်ကတော့ ယုံကြည်မှု အရမ်းရှိပါတယ်” ဟု မက်စ်က ပြောကြားရင်း Uber သို့မဟုတ် Airbnb တို့နှင့် ဆင်တူသောမော်ဒယ်တစ်ခုဖြင့် လည်ပတ်ရန် အစီအစဉ်အား မျှော်လင့်ထားကြောင်းလည်း ဆိုသည်။
Tesla သည် ကားမျှဝေရေး app တစ်ခုကို လုပ်ဆောင်ပေးမည်ဖြစ်ပြီး ထိုကားမျှဝေရေး ကွန်ရက်ထဲ၌ပါဝင်ရန် ရွေးချယ်သည့် ကားပိုင်ရှင်များသည် ယင်းမှ အကျိုးအမြတ်ရလိမ့်မည်ဟု ၎င်းက ပြောကြားသည်။
အလိုအလျောက် မောင်းနှင်နိုင်သည့် ကားများကို အဓိကခေတ်ရေစီးကြောင်း ဖြစ်လာစေရန် ရည်ရွယ်သော Tesla ၏မဟာဗျူ ဟာတစ်စိတ်တစ်ပိုင်းအနေနှင့် အလုံးစုံအလိုအလျောက် မောင်းနှင်နိုင်သည့်စွမ်းရည်တို့အတွက် ကွန်ပျူတာ hardware သစ်ကို မက်စ်က ထုတ်ဖော်ခဲ့ပြီးနောက် ယခုရိုဘော့ တက္ကစီအစီအစဉ်အကြောင်း ပြောခဲ့ခြင်းဖြစ်သည်။
Tesla သည် ၎င်း၏ ကားများအတွက် တစ်စိတ်တစ်ပိုင်းအားဖြင့် အလိုအလျောက် မောင်းနှင်နိုင်မှုကို ရရှိထားပြီဖြစ်သည်။ သို့သော် လမ်းပေါ်တွင် အလုံးစုံအလိုအလျောက် မောင်းနှင်ရေးအတွက်မူ တရားရေးနှင့် စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာ အတားအဆီးအများအပြားနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။
အလိုအလျောက် မောင်းနှင်နိုင်သော ကားများကို စျေးကွက်ထဲသို့ ဆောင်ကြဉ်းနိုင်ရန် Waymo ၊ Uber အပြင် နာမည်ရပြီးသား ကားလုပ်ငန်းကြီးများနှင့် ပြိုင်ဆိုင်နေရစဉ် Tesla က ယခုအဆင်မြင့်နည်းပညာအကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။
ယာဉ်အတွက် အထူးပြုလုပ်ထားသော ၎င်းတို့၏ chin သည် လက်ရှိရရှိနိုင်သမျှထဲတွင် အကောင်းဆုံးဟု မက်စ်က ခေါ်ဆိုခဲ့ပြီး အလိုအလျောက် မောင်းနှင်မှုနည်းပညာထဲမှ အထင်ကရ သမိုင်းမှတ်တိုင်ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။
လာမည့်နှစ်အစောပိုင်းတွင် Tesla နည်းပညာဖြင့် ယာဉ်မောင်းများသည် ဘီးကို ထိစရာလိုတော့မည်မဟုတ်ဘဲ လာမည့်နှစ် နှောင်းပိုင်းတွင်မူ အချို့သော နယ်ပယ်များ၌ စည်းမျဉ်းစည်းကမ်းထိန်းသိမ်းသူများထံမှ ခွင့်ပြုချက်ရရှိလိမ့်မည်ဟု မျှော်မှန်းကြောင်း မက်စ်က ပြောကြားခဲ့သည်။ Ref ; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
