သီရိလင်္ကာတွင် ပြီးခဲ့သောသီတင်းပတ်ကုန်၌ သေဆုံးသူ ၃၀၀ ကျော်ရှိလာပြီဖြစ်သည့် အစ္စလာမ္မစ် အသေခံဗုံးခွဲတိုက်ခိုက်မှုများသည် ပြီးခဲ့သောလတွင် နယူးဇီလန်၌ ခရစ်ချက်ဗလီနှစ်ခုတွင် တိုက်ခိုက်ခံခဲ့ရမှုကို လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု သီရိလင်္ကာအစိုးရက ရဲတပ်ဖွဲ့၏ ကနဦးစုံစမ်းစစ်ဆေးမှုကို ရည်ညွှန်း၍ ထုတ်ပြန်ခဲ့သည်။
သီရိလင်္ကာတွင် အီစတာဆန်းဒေး၌ ခရစ်ယာန်ဘုရားကျောင်းများနှင့် အဆင့်မြင့်ဟိုတယ်များတွင် ဗုံးခွဲတိုက်ခိုက်မှုများကြောင့် သေဆုံးသူအရေအတွက်သည် ယခုအခါ ၃၂၁ ဦးအထိ မြင့်တက်လာခဲ့ပြီး လူရာပေါင်းများစွာ ဒဏ်ရာရခဲ့ကာ ဆေးရုံတွင် ရှိနေဆဲဖြစ်သည်။
သီရိလင်္ကာတွင် ဖြစ်ပွားခဲ့သည့် ထိုတိုက်ခိုက်မှုများသည် ခရစ်ချက်တွင် မွတ်စလင်များအား တိုက်ခိုက်ခဲ့မှုကို လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း အကြိုစုံစမ်းစစ်ဆေးမှုတွင် ဖော်ပြခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီး ရူဝမ်ဝီဂျီဝါဒီနီက ပါလီမန်၌ ပြောကြားခဲ့သည်။ ဗုဒ္ဓဘာသာရုပ်တုများအား ဖျက်ဆီးခဲ့မှုအတွက် ယခင်က အပြစ်တင်ခံထားရသည့် ပြည်တွင်း အစွန်းရောက်အစ္စလာမ္မစ်အဖွဲ့ National Thowheeth Jama’ath (NTJ) အဖွဲ့သည် ထိုဗုံးခွဲတိုက်ခိုက်မှုများနောက်ကွယ်တွင် ပါဝင်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပြီးခဲ့သော ဆယ်စုနှစ်တစ်ခုခန့်က ပြည်တွင်းစစ်အဆုံးသတ်ခဲ့ပြီးနောက်ပိုင်း သီရိလင်္ကာတွင် အဆိုးရွားဆုံးအကြမ်းဖက်တိုက်ခိုက်မှုအား စုံစမ်းစစ်ဆေးနေစဉ် ရဲတပ်ဖွဲ့သည် လူ ၄၀ ထက်မနည်းအား ထိန်းသိမ်းခဲ့ပြီး ဖြစ်သည်။ ဧပြီ ၂၃ ရက်တွင် ဝမ်းနည်းပူဆွေးနေသော သီရိလင်္ကာနိုင်ငံသားများသည် သေဆုံးခဲ့သည့် ၎င်းတို့၏ ချစ်ခင်ရသူများအား စတင်မြှုပ်နှံနေပြီး နိုင်ငံလုံးဆိုင်ရာ ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ကို ပြုလုပ်ခဲ့ကြသည်။ ဧပြီ ၂၁ ရက်တွင် ပထမဆုံးအသေခံ ဗုံးခွဲမှုဖြစ်ပွားခဲ့သည့် ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲမှစတင်၍ နိုင်ငံတစ်ဝန်း သုံးမိနစ်ငြိမ်သက်မှုကို လုပ်ဆောင်ခဲ့သည်။
Ref ; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
