မဟာမိတ်များက အီရန်ရေနံဝယ်ယူခြင်းကို ခြွင်းချက်ပေးထားမှုအား အဆုံးသတ်မည်ဖြစ်ပြီး အိန္ဒိယကဲ့သို့ မိတ်ဆွေနိုင်ငံများက အီရန်ရေနံကို ဝယ်ယူခြင်းအတွက် ပိတ်ဆို့အရေးယူမှုများ စတင်ပြဋ္ဌာန်းမည်ဟု အမေရိကန်က ဧပြီ ၂၂ ရက်တွင် ကြေညာခဲ့သည်။
အီရန်၏ ရေနံဖောက်သည်များအား ပိတ်ဆို့အရေးယူမှုမှ ခြွင်းချက်ပေးထားမှုကို အဆုံးသတ်ရန် အမေရိကန်က ကြေညာခဲ့ပြီးနောက် ဆော်ဒီက အီရန်အစိုးရကို အပြည်ပြည်ဆိုင်ရာက ဆက်လက်ဖိအားပေးရန် ဧပြီ ၂၃ ရက်တွင် တောင်းဆိုခဲ့သည်။ အမေရိကန်၏ ဆောင်ရွက်ချက်သည် အကြမ်းဖက်မှုကို ထောက်ခံနေသော အီရန်၏ မူဝါဒများအတွက် တာဝန်ယူမှုရှိလာရန် လိုအပ်သည့် ခြေလှမ်းဖြစ်ကြောင်း ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီး အီဗရာဟင်အယ်လ်အက်ဆက်က ပြောကြားခဲ့သည်။
၂၀၁၅ ခုနှစ်က အီရန်နှင့် ကမ္ဘာ့အင်အားကြီးခြောက်နိုင်ငံကြား ရရှိထားသော နျူကလီးယားသဘောတူညီချက်မှ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က နုတ်ထွက်ခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် အမေရိကန်က အီရန်ကို ပိတ်ဆို့အရေးယူမှုများ ပြန်လည်ပြဋ္ဌာန်းခဲ့သည်။ ပိတ်ဆို့အရေးယူမှုနှင့်အတူ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ တူရကီ၊ အီတလီနှင့် ဂရိတို့ကိုလည်း အီရန်ရေနံအား ခြောက်လဆက် လက်ဝယ်ယူခွင့်ကို ခြွင်းချက်ပြဋ္ဌာန်းပေးခဲ့သည်။
ယခုနှစ် ဇန်နဝါရီလအထိ ၁၀ လအတွင်း အိန္ဒိယသည် အီရန်ထံမှ ရေနံစည်တန် ၂၁.၃ သန်း တင်သွင်းခဲ့သည်ဟု ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆိုသည်။
အီရန်ရေနံဝယ်ယူသည့် နိုင်ငံများအား ပိတ်ဆို့အရေးယူရန် အမေရိကန်၏ ဆုံးဖြတ်ချက်သည် အရှေ့အလယ်ပိုင်းတွင် ကသောင်းကနင်းဖြစ်မှုများ ပိုဆိုးလာမည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ စွမ်းအင်စျေးကွက်ကိုလည်း ထိခိုက်စေမည်ဟု တရုတ်က ဧပြီ ၂၃ ရက်တွင် သတိပေးခဲ့သည်။
အီရန်က ရေနံပို့ကုန်ကို မှီခိုနေမှုအား သုညရာခိုင်နှုန်းအထိ လျှော့ချရန် ကြိုးပမ်းနေသော ထရန့်အစိုးရအဖွဲ့သည် ရေနံမှ အီရန်က ဝင်ငွေရရှိနေမှုကို ပစ်မှတ်ထားနေသည်။ မေ ၂ ရက်မှစပြီး အီရန်ရေနံဝယ်ယူသည့် နိုင်ငံများကို အမေရိကန်က အပြစ်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက အခိုင်အမာ ပြောကြားခဲ့သည်။
အမေရိကန်က အီရန်ခေါင်းဆောင်များ ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ပြန်မရောက် မချင်းဖိအားပေးနေမည်ဟု ပွန်ပီယိုက ပြောကြားခဲ့သည်။ အီရန်သည် ၂၀၁၇ ခုနှစ်က ရေနံပို့ကုန်မှ ဒေါ်လာ ၅၂.၇ ဘီလျံ ရရှိခဲ့သည်ဟု ရေနံထုတ်လုပ်ရောင်းချသည့် နိုင်ငံများအဖွဲ့ (OPEC) က ဆိုထားသည်။
ရေနံစျေးကွက် တည်ငြိမ်ရန်အတွက် ဆော်ဒီက ပိုင်းဖြတ်ထားကြောင်း ဆော်ဒီစွမ်းအင်ဝန်ကြီး ခါလစ်အယ်လ်ဖာလစ်က ပြောကြားခဲ့သည်။ Ref ; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
