အကြမ်းဖက်ဝါဒကို ဆန့်ကျင်ရန်အတွက် အီရန်နှင့်ပါကစ္စတန်နယ်စပ်တွင် နှစ်နိုင်ငံပူးပေါင်းတုံ့ပြန်ရေးတပ်ဖွဲ့ ဖွဲ့စည်းရေးကို ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခန်းနှင့် သဘောတူညီချက်ရရှိထားကြောင်း အီရန်သမ္မတ ဟက်ဆန်ရိုဟာနီက ဧပြီ ၂၂ ရက်တွင် ကြေညာခဲ့သည်။
နှစ်နိုင်ငံနယ်စပ်၏ ပါကစ္စတန်နယ်နိမိတ်ဘက်ခြမ်းနှင့် အီရန်နယ်နိမိတ်ဘက်ခြမ်းတွင် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေခြင်းအပေါ် လပေါင်းများစွာတင်းမာမှုများ မြင့်တက်နေခဲ့ပြီးနောက်တွင် နှစ်နိုင်ငံပူးပေါင်း တပ်ဖွဲ့ထူထောင်မည့် အကြောင်းကို သမ္မတရိုဟာနီက သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အီရန်အရှေ့တောင်ပိုင်းရှိ မတည်မငြိမ်ဖြစ်နေသော စီစတန်-ဘာလူချီစတန်ပြည်နယ်သည် ပါကစ္စတန်နှင့်ထိစပ်နေကာ ထိုဒေသသည် အီရန်လုံခြုံရေးတပ်ဖွဲ့ဝင်များ မကြာခဏဆိုသလို ပစ်ခတ်တိုက်ခိုက်ခံရသည့် နေရာဖြစ်ခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်က အီရန်ဘက်ခြမ်းတွင် အခြေစိုက်နေသော သေနတ်သမားများသည် ပါကစ္စတန်ဘက်ခြမ်းရှိ ဘာလူချီ စတန်ပြည်နယ်မှ ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့ဝင် ၁၄ ဦးကို သတ်ဖြတ်ခဲ့ကြောင်း အစ္စလာမာဘတ်က ပြောကြားခဲ့ပြီးနောက် ပါကစ္စတန် ဝန်ကြီးချုပ်ခန်း၏ အီရန်နိုင်ငံခရီးစဉ်ထွက် ပေါ်လာခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ်ခန်းက နှစ်နိုင်ငံပူးပေါင်းတပ်ဖွဲ့နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ပြောကြားခဲ့ခြင်းမရှိသော်လည်း ပါကစ္စတန်နှင့်အီရန်၏ လုံခြုံရေးအကြီးအကဲများသည် နှစ်နိုင်ငံလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများလုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။
“နှစ်နိုင်ငံစလုံးရဲ့ သက်ဆိုင်ရာ နယ်နိမိတ်အတွင်းမှာ အကြမ်းဖက်လုပ်ရပ်တွေ ဖြစ်ပွားလာတော့မှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ရဲ့ ပါကစ္စတန် နယ်နိမိတ်အတွင်းကနေ အသင်တို့နိုင်ငံကို ပျက်စီးရာပျက်စီးကြောင်းဖြစ်စေမယ့် ဘယ်လုပ်ရပ်ကိုမဆို ကျွန်တော်တို့ ခွင့်ပြုမှာ မဟုတ်ပါဘူး” ဟု ဝန်ကြီးချုပ်အီမရန်ခန်းက ဆိုသည်။
ဖေဖော်ဝါရီ ၁၃ ရက်တိုက်ခိုက်မှုအတွင်း စီစတန်-ဘာလူချီစတန်ပြည်နယ်ရှိ အီရန်တော်လှန်ရေးအစောင့်တပ်မှ တပ်ဖွဲ့ဝင် ၂၇ ဦး သေဆုံးခဲ့ပြီးနောက် သမ္မတရိုဟာနီက အီရန်အားတိုက်ခိုက်နေသော အကြမ်းဖက်သမားများကို ပြတ်ပြတ်သားသားဆန့်ကျင် အရေးယူပေးရန် ပါကစ္စတန်ကို တောင်းဆိုခဲ့သည်။
ဖေဖော်ဝါရီ ၁၃ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း ကြေညာထားသည့် ဆွန်နီဂျီဟတ် စစ်သွေးကြွအဖွဲ့ Jaish al –Adl (Army of Justice) သည် ပစ်ခတ်တိုက်ခိုက်မှုများကို ပါကစ္စတန်ဘက်ခြမ်းရှိ ၎င်းတို့၏ အခြေစိုက်စခန်းမှ အများဆုံးလုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် ဖေဖော်ဝါရီ ၁၃ ရက်တိုက်ခိုက်မှု၏ နောက်ကွယ်တွင် ပါကစ္စတန်နိုင်ငံသား အသေခံဗုံးခွဲသမားတစ်ဦးပါဝင်နေကြောင်း အီရန်က ဆိုထားသည်။
ပါကစ္စတန် နိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်ဖြစ်သည့် ဘာလူချီစတန်ပြည်နယ်သည် ဘာလူချီခွဲထွက်ရေးသမားများအပြင် အစ္စလာမ္မစ်များ ဆူပူထကြွနေသည့် ဒေသဖြစ်သည်။
Ref ; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
