တရုတ်နိုင်ငံတောင်ပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခံနေရသည့် ထင်ရှားသော တက်ကြွလှုပ်ရှားသူသုံးဦးကို ပြန်လွှတ်ပေးရန် တောင်းဆိုသည့် အသနားခံစာတစ်ခု၌ လုပ်ငန်းခွင်နှင့် ဆက်စပ်ပြီး ရောဂါရရှိထားသည့် တရုတ်လုပ်သား ၁၀၀ ခန့်က လက်မှတ်ရေးထိုးခဲ့ကြသည်။
အလုပ်သမားရေးရာသတင်းများကို ဖော်ပြသည့် အလုပ်သမားအခွင့်အရေး သတင်းဆိုက်မှ အယ်ဒီတာများဖြစ်ကြသည့် ဝေကျိလီနှင့် ခဲချင်ပိန်တို့သည် ရန်စမှု၊ ပြဿနာ အစပျိုးမှု (တရုတ်အာဏာပိုင်တို့က တက်ကြွလှုပ်ရှားသူများ၊ အစိုးရအတိုက်အခံများအား တရားစွဲလျှင်သုံးလေ့ရှိသည့်စွဲချက်) တို့ဖြင့် ပြီးခဲ့သည့်လက ဖမ်းဆီးခံလိုက်ရသည်။ အဆိုပါ iLabour သတင်းဝက်ဘ်ဆိုက်မှ အယ်ဒီတာချုပ်ဖြစ်သော ယန်ကျန်းကျင်မှာ မူ ဇန်နဝါရီလကတည်းက ရဲအချုပ်ထဲသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
“သူတို့မှာ အပြစ်မရှိပါဘူး။ သူတို့မှာ ဂရုစိုက်တတ်တဲ့ နှလုံးသားတွေရှိတဲ့အတွက် အစိုးရရဲ့ ဖိအားပေးတာကို ခံရတာပါ” ဟု အသနားခံစာတွင် လက်မှတ်ရေးထိုးခဲ့သော အလုပ်သမားတစ်ဦးက ပြောကြားခဲ့သည်။
အသက်အန္တရာယ်ဖြစ်စေနိုင်သော နာတာရှည်အဆုတ်မျှင်ရောဂါစွဲကပ်ခဲ့ရပြီးနောက် လျော်ကြေးရရှိရေးအတွက် ယမန်နှစ်က ရှန်းကျန်ပြည်နယ်၌ ရွှေ့ပြောင်းအလုပ်သမား ရာပေါင်းများစွာ ဆန္ဒပြခဲ့ကြသည်။ နိုင်ငံအလယ်ပိုင်းဟူနန်ပြည်နယ်မှ အများစုဖြစ်သော ထိုအလုပ်သမားများသည် နိုင်ငံတောင်ပိုင်းမှ ရှန်းကျန်ကို ငါးဖမ်းဒေသတစ်ခု အခြေအနေမှ တရုတ်၏ အကြီးဆုံးနည်းပညာဗဟိုချက်ကြီးတစ်ခု အသွင်ပြောင်းလဲရေးတွင် ပါဝင်ကူညီခဲ့ကြသူများ ဖြစ်သည်။ အစိုးရက ထိုအလုပ်သမားများကို လျစ်လျူပြုပြီး ဆန္ဒပြမှုများကိုသာ ရပ်ဆိုင်းရန် ဖိအားပေးနေကြစဉ် အဆိုပါအလုပ်သမားရေး တက်ကြွလှုပ်ရှားသူသုံးဦးက ထောက်ပံ့ခဲ့ကြခြင်း ဖြစ်သည်။
အွန်လိုင်းပေါ်သို့ တင်ခဲ့သည့် အလုပ်သမားတို့၏ အသနားခံစာတွင် ထိုသုံးဦးအား ရှင်းကျန်ရဲများက လွှတ်ပေးလိုက်ပြီး အစိုးရက ထိန်းချုပ်ထားသည့် တရုတ်ကုန်သွယ်ရေးသမဂ္ဂက ဖြေရှင်းပေးရန် တောင်းဆိုထားခြင်း ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်ကလည်း အလုပ်သမားများသည် အာဏာပိုင်များထံ အသနားခံစာတင်ရန်အတွက် ရှင်းကျန်သို့ ရထားစီးလာကြသေးသည်။ သို့သော် ၎င်းတို့သည် ဘူတာရုံများမှာပင် တားဆီးခံလိုက်ရပြီး ရထားပေါ်မှ ဆင်းခွင့်မရသေးပေ။
ဝေနှင့် ခဲတို့ နှစ်ဦးကို ဧပြီ ၂၀ ရက်က RSDL သို့ ရွှေ့ပြောင်းလိုက်ပြီ ဖြစ်သည်ဟု ၎င်းတို့၏ မိသားစုဝင်များက ပြောကြားခဲ့သည်။ RSDL ဆိုသည်မှာ အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေမှု အစရှိသည့် ကြီးလေးသော ပြစ်မှုများ ကျူးလွန်သည်ဟု စွပ်စွဲခံရသူများအား ထိန်းသိမ်းသည့် နေရာဖြစ်သည်။
“သူတို့ဟာ ရဲအချုပ်ထဲမှာ မရှိတော့ဘူး။ ဘယ်ကို ရောက်သွားတယ်ဆိုတာလည်း မသိရဘူး။ ကျွန်မတို့ အရမ်းကြောက်နေပါတယ်” ဟု ဝေ၏ ဇနီးက ပြောခဲ့သည်။
တရုတ်အစိုးရသည် ယမန်နှစ်အတွင်း နိုင်ငံတစ်ဝန်းလုံးရှိ အလုပ်သမားအရေး တက်ကြွလှုပ်ရှားမှုများကို ပိုမိုတင်းတင်းကျပ်ကျပ် ကိုင်တွယ်လာခဲ့သည်။ ဇူလိုင်လကလည်း ကိုယ်ပိုင်သမဂ္ဂထောင်ရန် ကြံရွယ်ခဲ့သည့် Jasic Technology မှ စက်ရုံလုပ်သားများ၊ တက်ကြွလှုပ်ရှားသူများ ဖမ်းခံရသေးသည်။
Ref ; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
