လူ ၃၀၀ နီးပါး သေဆုံးခဲ့သော အသေခံဗုံးခွဲမှုများ၏ နောက်ကွယ်တွင် ဒေသခံ အစ္စလာမ္မစ်အစွန်းရောက်အဖွဲ့ ရှိနေသည်ဟု ယုံကြည်ကြောင်း သီရိလင်္ကာအစိုးရက ဧပြီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။ National Thowheeth Jama’ath (NTJ) အဖွဲ့သည် ခရစ်ယာန်ဘုရားကျောင်းများနှင့် ဟိုတယ်များအား အသေခံတိုက်ခိုက်မှုများတွင် နိုင်ငံတကာမှ အထောက်အပံ့ရရှိခဲ့ခြင်းရှိ မရှိကို စုံစမ်းစစ်ဆေးသူများက စုံစမ်းနေကြောင်း အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရာဂျီထာဆီနာရက်နေက ပြောကြားခဲ့သည်။
NTJ နှင့်ပတ်သက်ပြီး များများစားစား သိရှိရခြင်းမရှိဘဲ သီရိလင်္ကာရဲတပ်ဖွဲ့အကြီးအကဲက ဧပြီ ၁၁ ရက်တွင် ထိုအဖွဲ့သည် ဘုရားကျောင်းများနှင့် အိန္ဒိယသံရုံးကို တိုက်ခိုက်ရန် စီစဉ်နေကြောင်း နိုင်ငံခြားထောက်လှမ်းရေးအေဂျင်စီတစ်ခုက အကြောင်းကြားထားသည် ဟု ထုတ်ပြန်ထားသည့် အထောက်အ ထားများကိုသာ အေအက်ဖ်ပီက မြင်တွေ့ခဲ့ရသည်။ ထောက်လှမ်းရေး သတိပေးချက်ရရှိခဲ့သော်လည်း အရေးယူဆောင်ရွက်နိုင်ခြင်း မရှိမှုနှင့်ပတ်သက်ပြီး မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။ သီရိ လင်္ကာတွင် ဝန်ကြီးချုပ်နှင့် သမ္မတကြား အာဏာလွန်ဆွဲနေမှုကို ယခုဖြစ်စဉ်က ပိုမိုဆိုးရွားသွားစေနိုင်သည်။
ဝန်ကြီးချုပ် ရာနေဝိကရီမီဆင်းဟီနှင့် အစိုးရအဖွဲ့သည် အကြမ်းဖက်တိုက်ခိုက်မှု သတိပေးချက်နှင့်ပတ်သက်ပြီး အတွင်းကျကျ မသိရှိခဲ့ကြောင်း၊ သမ္မတ မေသရီပါလာသီရိ သေနာဦးဆောင်သော အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးများကို အစိုးရအဖွဲ့က ဖိတ်ကြားခံရခြင်းမရှိကြောင်း ရာဂျီထာဆီနာရက်နေက ပြောကြားခဲ့သည်။
အကြမ်းဖက်တိုက်ခိုက်မှုများအား အပြည်ပြည်ဆိုင်ရာကွန်ရက်တစ်ခု၏ အကူအညီမပါဘဲ အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု မယုံကြည်ကြောင်း ရာဂျီထာဆီနာရက်နေက ပြောကြားခဲ့သည်။ အကြမ်းဖက်သမားများနှင့် ဆက်နွှယ်မှုကို ခြေရာခံရန်အတွက် နိုင်ငံခြား၏အကူအညီကို တောင်းဆိုသွားမည်ဖြစ်ကြောင်း သီရိလင်္ကာသမ္မတရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အရေးပေါ်အခြေအနေ ကြေညာ
ဧပြီ ၂၁ ရက်က အသေခံတိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် လူ ၂၄ ဦးကို ထိန်းသိမ်းထားကြောင်း တာဝန်ရှိသူများက ပြောကြားထားသည်။ ထို့ပြင် ဧပြီ ၂၂ ရက် ညသန်းခေါင်မှစပြီး တစ်နိုင်ငံလုံးတွင် အရေးပေါ်အခြေအနေ ကြေညာကြောင်း အစိုးရက ပြောကြားထားသည်။
သီရိလင်္ကာတွင် ဆယ်စုနှစ်တစ်ခု ကျော်အတွင်း အဆိုးဆုံးသော အကြမ်းဖက်တိုက်ခိုက်မှု၌ နိုင်ငံခြားသား ဒါဇင်နှင့်ချီ၍ သေဆုံးခဲ့ပြီး ဧပြီ ၂၂ ရက်နေ့အထိ သေဆုံး သူ ၂၉၀ ရှိခဲ့သည်။ နိုင်ငံခြားသား ခရီးသွားများအကြား ခေတ်စားသော စျေးနှုန်းကြီးမြင့်သည့် ဟိုတယ်သုံးခုတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုများနှင့် ဘုရားကျောင်းတိုက်ခိုက်များ၌ လူ ၅၀၀ ကျော် ဒဏ်ရာရရှိထားသည်။
ဒိန်းမတ်၏ အချမ်းသာဆုံးပုဂ္ဂိုလ် အင်ဒါဟို့စ်ပေါလ်ဆင်၏ သားသမီး လေးဦးအနက် သုံးဦးသည် သီရိလင်္ကာအကြမ်းဖက် တိုက်ခိုက်မှုများ၌ သေဆုံးသွားခဲ့ကြောင်း ၎င်း၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ အွန်လိုင်းအဝတ်အထည် လက်လီ လုပ်ငန်းကြီး ASOS ၏ နောက်ကွယ်မှ ဖက်ရှင်လုပ်ငန်းရှင် ပေါလ်ဆင်၊ ၄၆ နှစ်သည် ဒေါ်လာ ၇.၉ ဘီလျံခန့် ကြွယ်ဝချမ်းသာသည် ဟု Forbes မဂ္ဂဇင်းက ဆိုသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မသင်္ကာသူများကို စီးနင်းရှာဖွေစဉ် နောက်ထပ်ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့သည်။ ဘတ်စ်ကားဂိတ် တစ်ခုအနီးတွင် ထောင်ထားသော ဗုံး ၁၂ လုံး အပါအဝင် ဗုံး ၈၇ လုံးကို မပေါက်ကွဲမီ ရဲ တပ်ဖွဲ့က တွေ့ရှိခဲ့သည်ဟု ဧပြီ ၂၂ ရက်တွင် ကြေညာခဲ့သည်။ အကြမ်းဖက်မှုများကို တန်ပြန်ရန်အတွက် ကန့်သတ်ထားသည့် အရေးအပေါ်အခြေအနေကို ဧပြီ ၂၂ သန်းခေါင်မှစ၍ ပြဋ္ဌာန်းကြောင်း သမ္မတရုံးက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ည ၈ နာရီမှ နံနက် ၄ နာရီအထိ ကာဖျူးထုတ်ပြန်ကြောင်းလည်း ပြန်ကြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အကြမ်းဖက်အဖွဲ့များသည် သီရိလင်္ကာတွင် တိုက်ခိုက်ရန် ဆက်လက်ကြံစည်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်ခဲ့ပြီး ခရီးသွားလာမှုသတိပေးချက်ကို ကြေညာခဲ့သည်။
လူဦးရေ ၂၁ သန်းရှိသော သီရိလင်္ကာတွင် ကက်သလစ်ခရစ်ယာန် ခုနစ်ရာခိုင်နှုန်းသာရှိသော လူနည်းစုအတွက် ဧပြီ ၂၁ တိုက်ခိုက်မှုများသည် အဆိုးရွားဆုံးတိုက်ခိုက်မှု ဖြစ်ခဲ့သည်။ အိန္ဒိယ၊ ဗြိတိန်၊ တူရကီ၊ သြစတြေးလျ၊ ဂျပန်နှင့် ပေါ်တူဂီတို့မှ နိုင်ငံခြားသားများအပါအဝင် နိုင်ငံခြားသား ၃၇ ဦး ထက်မနည်းလည်း သေဆုံးထားသည်။
ဗုဒ္ဓဘာသာအများစုနေထိုင်သော သီရိလင်္ကာသည် လူနည်းစု တိုင်းရင်းသား တမီလ်ခွဲထွက်ရေးသမားများနှင့် ဆယ်စုနှစ်များစွာ စစ်ပွဲဖြစ်ပွားခဲ့သော်လည်း လွန်ခဲ့သော ၁၀ နှစ်က ပြည်တွင်းစစ်ကို အစိုးရက အောင်နိုင်ခဲ့ပြီးနောက် အကြမ်းဖက်တိုက်ခိုက်မှုများ သိသိသာသာ နိဂုံးချုပ်သွားခဲ့သည်။
Ref ; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
