မြန်မာနိုင်ငံ၊ နယ်စပ်ရေးရာဝန်ကြီးဌာနအောက်ရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ဆက်ဆံမှုစနစ်ထူထောင်ထားပြီး ကူးလူးဆက်ဆံဆောင်ရွက်လျက်ရှိသည့် တရုတ်နိုင်ငံ၊ ကူမင်းမြို့ရှိ ယူနန်အသက်မွေးဝမ်းကျောင်းနှင့် စက်မှုလက်မှုနည်းပညာကောလိပ်အား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ နိုဝင်ဘာ ၅ ရက်မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။
ကောလိပ်တာဝန်ရှိသူများမှ ကောလိပ်ဆိုင်ရာအချက်လက်များ၊ ကောလိပ်မှဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် သက်မွေးပညာဘာသာရပ်များနှင့် နည်းပညာဆိုင်ရာဘာသာရပ်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာနအောက်ရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် အပါအဝင် နိုင်ငံတကာမှ သက်မွေးဘာသာရပ်ဆိုင်ရာသင်ကြားပေးနေသည့် ကောလိပ်များ၊ တက္ကသိုလ်များဖြင့် ဆက်ဆံမှုစနစ်ထူထောင်ထားပြီး ကူးလူးဆက်ဆံဆောင်ရွက်လျက်ရှိမှုတို့ကို နစက ဥက္ကဋ္ဌအား ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် နစက ဥက္ကဋ္ဌသည် ကောလိပ်အတွင်းရှိ Electro mechanical Training Centre အတွင်း ကမ္ဘာ့အဆင့်အတတ်ပညာဆိုင်ရာပြိုင်ပွဲများ၊ ပြပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် နည်းပညာရပ်ဆိုင်ရာများ၊ ပြိုင်ပွဲများတွင်ဆုရရှိခဲ့သည့် အဆင့်မြင့်နည်းပညာအသုံးပြု စက်ကိရိယာများခင်းကျင်းပြသထားရှိမှု၊ China’s Training Base For WorldSkills Competition Information Network Cabling : ဆိုင်ရာလေ့ကျင့်ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေး၍ မေးမြန်းဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
နစက ဥက္ကဋ္ဌဦးဆောင်သည့် အဖွဲ့ဝင်များသည် တရုတ်နိုင်ငံတွင်ကျင်းပမည့် ထိပ်သီးအစည်းအဝေးများတက်ရောက်ရန် တရုတ်နိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ ယနေ့ နိုဝင်ဘာ ၅ ရက်နံနက်ပိုင်းက နေပြည်တော်မှတစ်ဆင့် တရုတ်နိုင်ငံသို့ထွက်ခွာရောက်ရှိခဲ့ခြင်းဖြစ်သည်။








-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
