အာဆီယံအသိုက်အဝန်းတည်ဆောက်ရေးကြိုး ပမ်းမှုများအပါအဝင် အခြားကိစ္စရပ်များကို အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်နှင့် အာဆီယံအတွင်းရေးမှူးချုပ် H.E. Dr. Kao Kim Hourn တို့ဆွေးနွေးခဲ့ကြသည်။
ဦးအောင်မျိုးမြင့်နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့သည် ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်က ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
တွေ့ဆုံစဉ် အာဆီယံအသိုက်အဝန်းတည် ဆောက်ရေးကြိုးပမ်းမှုများ၊ လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် မကြာသေးမီကကျင်းပခဲ့သည့် (၄၄)ကြိမ်နှင့်(၄၅)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများမှ ဆွေးနွေးခဲ့မှုများ၏ ရှေ့ဆက်ဆောင်ရွက်ရန်ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်တွင် ကျင်းပမည့် (၁၁)ကြိမ်မြောက် စီအယ်လ်အမ်ဗွီထိပ်သီးအစည်းအဝေးနှင့် စပ်လျဉ်းသည့်ကိစ္စများ၊ အာဆီယံလူမှုယဉ် ကျေးမှုအသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်း ရေးမှူးချုပ်နေရာအား (၂၀၂၄-၂၀၂၇ ခုနှစ်)အ တွက် မြန်မာနိုင်ငံမှ အငြိမ်းစားသံအမတ်ကြီးဦးစံလွင်အားခန့်အပ်ခဲ့ခြင်းတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
