ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ပြုလုပ်တော့မည့် တန်ဆောင်တိုင်ပွဲတော်တွင် နေ့လွှတ်၊ ညလွှတ် မီးပုံးပျံအလုံးရေ (၂၅၈) လုံး လွှတ်တင်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းရိုးရာ မီးပုံးပျံ ပညာရှင်များအသင်းက ထုတ်ပြန်အသိပေးထားသည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို လာမည့် နိုဝင်ဘာလ (၉) ရက်မှ (၁၅)ရက်အထိ (၇)ရက်ကြာ တောင်ကြီးမြို့၊ အဝေရာ မီးပုံပျံကွင်း၌ ကျင်းပပြုလုပ်မည်လည်း ဖြစ်သည်။
တန်ဆောင်တိုင်ပွဲတော်တွင် မီးပုံးပျံ ညမီးကြီးယမ်းမီး (၂၆) လုံး၊ စိန်နားပန် မီးပုံးပျံ (၂၄) လုံး၊ နေ့လွှတ်ခြေနှစ်ချောင်း (၁၄၇) လုံး၊ ခြေလေးချောင်း (၃၈) လုံး၊ အရုပ်အုပ်စု (၂၃) လုံး၊ စုစုပေါင်း (၂၅၈)လုံး ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး မီးပုံးပျံဝါသနာရှင်များ လာရောက်ကြည့်ရှုလည်ပတ်နိုင်ကြောင်းလည်း ဆိုသည်။
လက်ရှိတွင်တောင်ကြီး တန်ဆောင်တိုင်ပွဲတော်အတွက် လအစပိုင်းကပင် ဟိုတယ်အခန်းများ ကြိုတင်စာရင်းသွင်းခြင်းဖြင့် ပြည့်နေပြီဖြစ်ကြောင်းလည်း ဟိုတယ်ဝန်ထမ်းများထံမှ သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
