ရှမ်း/မြောက် သီပေါမြို့တွင် တိုက်ပွဲများ ငြိမ်သက်နေပြီဖြစ်သော်လည်း ပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် ဒေသခံပြည်သူများနေရပ်မပြန်နိုင်ကြသေးကြောင်း စစ်ရှောင်အရေးဆောင်ရွက်နေသည့် သီပေါဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ဒုတိယပတ်မှစတင်၍ နှစ်ဖက်ထိတွေ့တိုက်ပွဲများငြိမ်သက်ခဲ့သော်လည်း ရှမ်း/မြောက်ဒေသအတွင်း အကြမ်းဖက်အဖွဲ့များအခြေချရာနေရာများသို့ တပ်မတော်က လေကြောင်း တိုက်ခိုက်မှုများရှိနေသည့်အတွက် တိုက်ပွဲဆက်လက်ဖြစ်ပွားလာမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရသည်။
” တိုက်ပွဲမဖြစ်တာ တစ်လနီးပါးလောက်တော့ရှိပြီပေါ့။ တပ်ဘက်က လေယာဉ်နဲ့ပစ်ခတ်မှုတွေရှိနေသေးတော့ ဒေသခံတွေက မပြန်ရဲကြသေးဘူး၊ ဘယ်အချိန်တိုက်ပွဲဆက်ဖြစ်မလဲဆိုတာကို နားစွင့်နေရတာ။ ဒါကြောင့် လက်ရှိရှောင်နေတဲ့နေရာတွေမှာပဲ ဆက်နေတာအကောင်းဆုံးနဲ့ အလုံခြုံဆုံးဆိုတော့ မပြန်ကြသေးတာပါ”ဟု ၎င်းက ရှင်းပြသည်။
လက်ရှိတွင် သီပေါမြို့အတွင်း ပြန်လည် နေထိုင်သူ အနည်းစုသာရှိသေးပြီး၊ နေ့ဘက်ပိုင်းတွင် နေအိမ်ပြန်နေထိုင်ကာ ညပိုင်းတွင် နီးစပ်ရာ တောတောင်နှင့် လုံခြုံရသည့်နေရာများတွင်သွားရောက်အိပ်စက်ခြင်းများ ရှိနေကြောင်း သိရသည်။
” ရှောင်တာနှစ်မျိုးရှိတယ်။ အချို့က မြို့နဲ့အနီးပတ်ဝန်းကျင်လောက်ပဲရှောင်ပြီးခုနပြောသလို နေ့ကိုပြန်လာ ညဘက် လွတ်ရာမှာသွားအိပ်ပေါ့။ အချို့ကျတော့မအေးချမ်းမချင်း မပြန်ဘူးဆိုပြီး တောထဲက လှိုဏ်ခေါင်းတွေ ၊ မြို့တွေပေါ် တက်ပြီးရှောင်ကြတာ”ဟု ၎င်းက ဖြည့်
စွက် ပြောသည်။
ရှမ်း/မြောက်ဒေသအတွင်း ယခုနှစ်ဇွန်၂၅ ရက်မှစတင်၍ တစ်ကျော့ပြန်တိုက်ပွဲများဖြစ်ပွားပြီးနောက် သီပေါဒေသခံပြည်သူ ထောင်နှင့်ချီ၍ စစ်ရှောင်နေကြရသည်။
လက်ရှိတွင် သီပေါမြို့ ရွှေဓားဘုန်းကြီးကျောင်း ၊ ရေဟော်ဘုန်းကြီးကျောင်းနှင့် ဘိုးတော်ကျောင်းတို့တွင် ခိုလှုံနေကြနေကြရပြီး၊ စားနပ်ရိက္ခာနှင့်ဆေးဝါးလိုအပ်ချက်များ ရှိနေကြောင်း သိရသည်။
အလားတူ လားရှိုး၊ ကျောက်မဲနှင့် သီပေါမြို့တွင်း တိုက်ပွဲများကြောင့် ကျေးသီးမြို့သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်အရေအတွက်သည် တစ်ထောင်ဝန်းကျင်ခန့်ရှိကြောင်း ဒေသတွင်းသတင်းဖော်ပြချက်များအရ သိရသည်။
ပုံစာ- သီပေါမြို့နယ် တောတောင်များအတွင်းရှိ လှိုဏ်ဂူများတွင် ဆက်လက်ခိုလှုံနေကြရသည့်ဒေသခံ စစ်ရှောင်များ


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
