နေပြည်တော် လယ်ဝေးမြို့နယ်ရှိ အရေးကြီးနေရာများအား ဖောက်ခွဲရန် လွှတ်တင်ခဲ့သည့် Fixed Wing များအားလုံးကို ဟန့်တားနိုင်ခဲ့ပြီး လူနှင့်အဆောက်အဦများ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီနယ်မြေရှိ အရေးကြီးအဆောက်အဦများနှင့် နေရာဌာနများအား ဖောက်ခွဲဖျက်ဆီးရန် အကြမ်းဖက်သူများက အရှေ့ဘက်အရပ်မှ ယနေ့(နိုဝင်ဘာ ၅ ရက်)နံနက်ပိုင်း လယ်ဝေးမြို့နယ်အတွင်းသို့ ဒေသန္တရလုပ် Fixed Wing အချို့ ပစ်လွှတ်ခြင်းဖြင့် ဖောက်ခွဲရေးများ လုပ်ဆောင်နိုင်ရန် ကြိုးပမ်းခဲ့ကြောင်း နစက၏ ထုတ်ပြန်မှုအရသိရသည်။
ထိုသို့ ကြံစည်ခဲ့မှုအား နေပြည်တော်ကောင်စီနယ်မြေအတွင်း လေကြောင်းလုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည့် လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့များက လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် ကြိုတင်ထောက်လှမ်းသိရှိခဲ့ရပြီး အဆိုပါ Fixed Wing များအားလုံးကို ဟန့်တားနိုင်ခဲ့သဖြင့် Fixed Wing သုံးစီးသည် လမ်းခရီးတွင် ပျက်ကျပျက်စီးခဲ့ကြောင်း သိရသည်။
ထိုသို့ လေကြောင်းရန်ကာကွယ်ရေးစနစ်များ၏ ပစ်ချဟန့်တားမှုကြောင့် Fixed Wing များ ပျက်စီးကျရောက်မှုများကို ဒေသခံပြည်သူများက သတင်းပေးပို့လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေးမြို့နယ်၊ ကြောင်ရေကျေးရွာအနီး တစ်စီး၊ ကြံခင်းစုကျေးရွာအနီး တစ်စီးနှင့် နနွင်းအိုင်ကျေးရွာအနီး တစ်စီးတို့အား ဗုံးသီးများနှင့်အတူ ရှာဖွေတွေ့ရှိ သိမ်းဆည်းနိုင်ခဲ့ပြီး ဗုံးသီးများအား စနစ်တကျဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်းနှင့် Fixed Wing များ စတင်ပစ်လွှတ်သည့်နေရာများကို နည်းပညာ အကူအညီဖြင့်ဖော်ထုတ်နိုင်ခဲ့ပြီး အဆိုပါနေရာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက တုံ့ပြန်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်များတွင် လူနှင့်အဆောက်အဦများ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
