နာမည်ကျော် ထိုင်းလက်ရွေးစင်ဟောင်း Dusit ကန်ချနဘူရီပါဝါအက်(ဖ်)စီအသင်း နည်းပြသစ်အဖြစ် ကိုင်တွယ်မည်
24htopnews | November 6, 2024 1:12 PM CST
မြန်မာတိုက်စစ်မှူး သန်းပိုင် ကစားနေသည့် ကန်ချနဘူရီပါ ဝါအက်(ဖ်)စီအသင်းအား နာမည်ကျော် ထိုင်းလက် ရွေးစင်ဟောင်း Dusit Chalermsan က နည်းပြသစ်အဖြစ်ကိုင်တွယ်သွားမည်ဖြစ်ကြောင်း အသင်းက တရားဝင်အသိပေးထားသည်။
နည်းပြသစ် ဒူးဆစ်သည် အတွေ့အကြုံကောင်းများရှိသည့် ဝါရင့်နည်းပြတစ်ဦးဖြစ်ပြီး ၂၀၂၂ -၂၀၂၃ ခုနှစ် ထိုင်းလိဂ်ဘောလုံးရာသီအတွင်း မြန်မာကစားသမား မောင်မောင်လွင်ကစားနေသည့် လမ်ဖူး(န်)ဝါရီယာအသင်းကို ကိုင်တွယ်ခဲ့သူတစ်ဦးဖြစ်သည်။
၎င်းသည် ထိုင်း လက်ရွေးစင်အသင်း၌ ကစားခဲ့စဉ်က ဘယ်အစွန် နောက်ခံကစားသမားအဖြစ် ကျောနံပါတ် (၁၇)ကိုဝတ်ဆင် ကစားခဲ့သူဖြစ်ပြီး၊ ဥရောပ ဂန္တဝင်အသင်းများဖြစ်သည့် မန်ချက်စတာယူနိုက်တက်၊ ဘရာဇီးအသင်းများရှိ နာ မည်ကြီးကစားသမားများနှင့် ရင်ဘောင်တန်း ယှဥ်ပြိုင်ကစားခဲ့ရသူ တစ်ဦးလည်းဖြစ်သည်။

READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
