မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းမြင့်တက်လာမှုကြောင့် လူဦးရေ လေးပုံတစ်ပုံမှာ စားနပ်ရိက္ခာအခက်အခဲကြုံတွေ့နေရသည်ဟု ဥရောပသမဂ္ဂ(EU)နှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် (WFP ) တို့က ပူးတွဲသတင်းထုတ်ပြန်ချက်အရ သိရသည်။
၎င်းတို့၏ ပူးတွဲ ထုတ်ပြန်ချက်အရ လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် အခြေခံစားသောက်ကုန်များ၏ စျေးနှုန်းသည် ယခင်နှစ်ဖြင့် နှိုင်းယှဥ်ပါက ၅၀ ရာခိုင် နှုန်း တိုးမြင့်လာသဖြင့် လူလေးဦးလျှင် တစ်ဦးနှုန်းဖြင့် စုစုပေါင်း လူဦးရေ ၁၃ ဒဿမ ၃ သန်းမှာစားနပ်ရိက္ခာအခက် အခဲ ကြုံတွေ့နေကြကာ ယင်းအနက် လူဦးရေ ၂ ဒဿမ ၇ သန်းမှာ စားနပ် ရိက္ခာအခက်အခဲ အရေးပေါ်အခြေအနေကို ရင်ဆိုင်နေကြရသည်ဟု ဆိုသည်။
“အခက်အခဲမျိုးစုံ ရိုက်ခတ်မှုမျိုးစုံ ကြုံတွေ့နေရသူတွေများလာတာမို့ စားနပ် ရိက္ခာဖူလုံမှုအခြေအနေဟာ မြန်မာ နိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ တစ်ခါမှ ဒီလောက်အထိ ဆိုးရွားတာမျိုး မရှိခဲ့ဖူးပါဘူး” ဟု WFP ၏မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Paolo Mattei က ပြောကြားသည်။
တစ်ဆက်တည်း မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာသူ လူဦးရေသည်လည်း ၃ ဒဿမ ၄ သန်းခန့် အထိရှိလာပြီဖြစ်ကြောင်း ဆိုသည်။
အဆိုပါ အခြေအနေများကို တုံ့ပြန်ဖြေရှင်းနိုင်ရန် WFP အ နေဖြင့် အကူအညီအလိုအပ်ဆုံးရပ်ရွာလူထုဆီ ဥရောပသမ ဂ္ဂ၏ အထောက်အပံ့များ တိုက်ရိုက်ရောက်ရှိနိုင်ရန်အတွက် စေတနာ့ဝန်ထမ်းများ ၊ ပြည်တွင်းအစိုးရမဟုတ်သည့် အဖွဲ့အစည်း (NGO)များဖြင့် လက်တွဲဆောင်ရွက်သွားမှာဖြစ် ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
