မျောက်ကျောက်ကူးစက်ရောဂါဖြစ်ပွားခြင်းမရှိသော နိုင်ငံများ၌ ခိုင်ခိုင်မာမာဖြစ်လာသော မျောက်ကျောက်အန္တရာယ်သည် အမှန်တကယ်ဖြစ်လာခြင်းဖြစ်၍ ယခုအခါ အဆိုပါနိုင်ငံများတွင် အတည်ပြုလူနာ တစ်ထောင်ကျော်ရှိနေသည်ဟု ဇွန်လ ၈ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးခဲ့သည်။
ကုလသမဂ္ဂကျန်းမာရေးအဖွဲ့ဖြစ်သော WHO အနေဖြင့် မျောက်ကျောက်ဗိုင်းရပ်စ်အတွက် လူအများအပြား ကာကွယ်ဆေးထိုးနှံခြင်းကို အကြံပြုထားခြင်းမရှိဟု WHO အကြီးအကဲ တက်ဒရိုအက်ဟာ နွန်ဂျီဘရီးဆက်က ထုတ်ဖော်ပြောကြားခဲ့သည်။ မျောက်ကျောက်ကူးစက်ရောဂါကြောင့် ယခုထိ သေဆုံးသူမရှိသေးဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။
“မျောက်ကျောက်ကူးစက်ရောဂါဖြစ်ပွားခြင်းမရှိတဲ့ နိုင်ငံတွေမှာ အခြေခံလာတဲ့ မျောက်ကျောက်အန္တရာယ်ဟာ တကယ်ဖြစ်လာတာဖြစ်ပါတယ်”ဟု တက်ဒရိုက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
တိရစ္ဆာန်များတွင် ဖြစ်ပွားသော မျောက်ကျောက်ရောဂါသည် အာဖရိကနိုင်ငံကိုး နိုင်ငံ၌ လူများကို ကူးစက်သောရောဂါဖြစ်သည်ဆိုသော်လည်း အဆိုပါကူးစက်ရောဂါသည် လွန်ခဲ့သောလတွင် ဥရောပ နိုင်ငံအချို့တွင် ဖြစ်ပွားလျက်ရှိသည်။ အထူးသဖြင့် ဗြိတိန်၊ စပိန်နှင့် ပေါ်တူဂီတို့တွင် မျောက်ကျောက်ကူးစက်မှုများ ဖြစ်ပွားလျက်ရှိသည်။
“မျောက်ကျောက်ဖြစ်ပွားခြင်းမရှိတဲ့ နိုင်ငံ ၂၉ နိုင်ငံမှာ ယခုအခါ မျောက်ကျောက် အတည်ပြုလူနာ ၁,၀၀၀ ကျော်ရှိနေတယ်ဆိုပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို သတင်းပို့လာပါတယ်”ဟု တက်ဒရိုက ပြောကြားခဲ့သည်။
“ခုထိ အဲ့ဒီနိုင်ငံတွေမှာ သေဆုံးတာတွေရှိတယ်ဆိုတဲ့ သတင်းကိုတော့မရပါဘူး။ ကူးစက်မှုဖြစ်စဉ်တွေရှိတယ်ဆိုတဲ့ သတင်းတွေကိုတော့ ရရှိထားပါတယ်။ ဒါပေမဲ့ အမျိုးသားချင်း လိင်ဆက်ဆံသူတွေမှာသာဖြစ်တာမဟုတ်ပါဘူး”ဟု ၎င်းက ပြောကြားသည်။
“နိုင်ငံအချို့မှာတော့ အမျိုးသမီးတွေမှာ ကူးစက်ခံရတဲ့ ဖြစ်စဉ်တွေအပါအဝင် လူအသိုင်းအဝိုင်းမှာ သိသိသာသာကူးစက်နေတယ်ဆိုပြီး သတင်းပို့ကြပါတယ်”ဟု တက်ဒရိုက ဆက်လက်ပြောကြားခဲ့သည်။
ဇွန်လ ၈ ရက်တွင် ဂရိသည် မျောက်ကျောက်ပထမဆုံးကူးစက်ခံရသူရှိကြောင်း အတည်ပြုသည့် နောက်ဆုံးနိုင်ငံဖြစ်လာသည်။ မကြာသေးခင်က ပေါ်တူဂီနိုင်ငံကိုသွားခဲ့သောအမျိုးသားတစ်ဦး မျောက်ကျောက်ကူးစက်ခံရခြင်းဖြစ်သည်ဟု ဂရိကျန်းမာရေးတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့ပြီး အဆိုပါအမျိုးသားသည် ဆေးရုံတွင် တည်တည်ငြိမ်ငြိမ်ရှိနေသည်ဟု ဆိုသည်။
မျောက်ကျောက်ကူးစက်ရောဂါ၏ ကနဦးလက္ခဏာများတွင် အဖျားပြင်းထန်ခြင်း၊ အကျိတ်များထွက်ခြင်း၊ ရေကျောက်လို အဖုအပိမ့်များထွက်ခြင်း တို့ပါဝင်သည်။
ဗိုင်းရပ်စ်ကကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့်ကလေးသူငယ်များအပါအဝင် အားနည်းသောအုပ်စုများကို ခြိမ်းခြောက်လာမည်ကို မိမိအထူးစိုးရိမ်သည်ဟု တက်ဒရိုကပြောကြားခဲ့သည်။
နိုင်ငံအများအပြား၌ ရုတ်တရက် မမျှော်လင့်ဘဲမျောက်ကျောက်ကူးစက်မှုကို တွေ့ရသဖြင့်အဆိုပါရောဂါသည် ရေရေရာရာမသိရသည့် ကာလတစ်ခုတွင် ကူးစက်နေပုံရသည်ဟု WHO က ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
