ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတွင် အခြေအနေများ ဆက်လက်ယိုယွင်းနေချိန်တွင် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) သည် ယခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု ခန့်မှန်းချက်ကို နောက်တစ်ကြိမ် လျှော့ချရန် မျှော်မှန်းထားသည်ဟု IMF ၏ တာဝန်ရှိသူတစ်ဦးက ဇွန် ၉ ရက်တွင် ပြောကြားခဲ့သည်။
ယူကရိန်းစစ်ပွဲဖြစ်ပွားနေမှု၊ ငွေကြေး ဖောင်းပွမှု မြင့်တက်နေမှုနှင့် တရုတ်တွင် စီးပွားရေးဖွံ့ဖြိုးမှုမှာ မျှော်မှန်းထားသလောက် တိုးတက်ခြင်းမရှိမှုအပါအဝင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတွင် အခြေအနေများမှာ လျင်မြန်စွာ ဖြစ်၊ ပျက် ပြောင်းလဲနေသည်ဟု IMF ပြောရေးဆိုခွင့်ရှိသူ ဂါရီ ရိုက်စ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
IMF သည် ဧပြီလက ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ GDP ကို ၄.၄ ရာ ခိုင်နှုန်းမှ ၃.၆ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ပြီး လက်ရှိတွင် အကျပ်အတည်းများစွာ ဖြစ်ပွားနေသဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ခန့်မှန်းချက်ကို လျှော့ချရမည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်ဟု ၎င်းက ဆိုသည်။
ဇွန် ၇ ရက်ကလည်း ကမ္ဘာ့ဘဏ်သည် နှစ်စဉ် ဖွံ့ဖြိုးတိုးတက်မှု ခန့်မှန်းချက်ကို လျှော့ချထုတ်ပြန်ခဲ့ပြီး ယူကရိန်းကို ရုရှား၏ကျူးကျော်မှုကြောင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေး အခြေအနေသည် ၁၉၇၀ ပြည့်နှစ်ကာလများကကဲ့သို့ ငွေကြေးဖောင်းပွမှုနှင့် စျေးကွက်ကျဆင်းမှု တစ်ပြိုင်တည်းဖြစ်ပေါ်သည့် အခြေအနေသို့ ကျဆင်းသွားနိုင်သည့် အန္တရာယ်များရှိနေသည်ဟု သတိပေးခဲ့သည်။
ကမ္ဘာ့ဘဏ်၏ ဇွန် ၇ ရက်က ထုတ်ပြန်သည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှုန်း ခန့်မှန်းချက်တွင် ၂.၉ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ပြီး ယူကရိန်းစစ်ပွဲကြောင့် ဇန်နဝါရီလက ခန့်မှန်းချက်ထက် ၁.၂ ရာခိုင်နှုန်း ထပ်မံ လျှော့ချခဲ့သည်။
ငွေကြေးဖောင်းပွမှုနှင့် စျေးကွက်ကျဆင်းမှုအခြေအနေသည် ဝင်ငွေနိမ့်နှင့် ဝင်ငွေအလယ်အလတ်ရှိသည့် နိုင်ငံများအတွက် တည်ငြိမ်မှုပျက်ပြားစေမည့် အကျိုးဆက်များ သက်ရောက်လာနိုင်ခြေရှိသည်ဟု ဆင်ခြင် စဉ်းစားနိုင်ကြောင်း ကမ္ဘာ့ဘဏ်ဥက္ကဌ ဒေးဗစ် မယ်လ်ပက်စ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
ယင်းအခြေအနေမျိုး ဖြစ်ပွားလာပါက ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ပိုမိုသိသာစွာ နှေးကွေးသွားမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်း စီးပွားရေးကျဆင်းသည့် အခြေအနေကို ရောက်ရှိစေနိုင်သည်ဟု မယ်လ်ပက်စ်က သတိပေးခဲ့သည်။
စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) ကလည်း ယူကရိန်းပဋိပက္ခကြောင့် GDP ဖွံ့ဖြိုးတက် တက်မှုနှုန်း ခန့်မှန်းချက်ကို ၃.၀ အထိ လျှော့ချခဲ့ပြီး ယင်းသည် ဒီဇင်ဘာလကခန့်မှန်းချက် ဖြစ်သည့် ၄.၅ ရာခိုင်နှုန်းမှ လျှော့ချခဲ့ခြင်း ဖြစ်သည်။
ထို့ပြင်ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ အကျပ်အတည်းကို ဆင်းရဲသည့် နိုင်ငံများက အများဆုံးခံစားရလိမ့်မည်ဖြစ်ပြီး ယင်းနိုင်ငံများသည် စားနပ်ရိက္ခာအနည်းငယ်အတွက် ငွေကြေးများစွာသုံးစွဲရလိမ့်မည်ဟု ကုလသမဂ္ဂက ဇွန် ၉ ရက်တွင် သတိပေးခဲ့သည်။
ယူကရိန်းပဋိပက္ခကြောင့် ကောက်ပဲသီးနှံစျေးနှုန်းများမြင့်တက်ခဲ့သဖြင့် ယခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဝယ်ယူသည့် ကုန်ကျစရိတ်မှာ ဒေါ်လာ ၁.၈ ထရီလျံ အထိ စံချိန်တင်ရှိခဲ့သည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
