ယူကရိန်းတပ်ဖွဲ့များသည် ယခုအခါ စစ်မြေပြင်တွင် အမေရိကန်ထံမှ Himars ဒုံးကျည်စနစ်ကို အလိုရှိနေသည်ဆိုသော်လည်း ရုရှားတပ်ဖွဲ့များကို တိုက်ခိုက်ရာတွင် တာဝေးပစ်မှတ်တိကျသော (Himar) စနစ်ကို ထိရောက်စွာ အသုံးပြုတတ်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် သင်တန်းပေးရန်လိုအပ်နေသည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။
Himars စနစ်လေးမျိုးကို ယူကရိန်းအတွက် ပြင်ဆင်နေဆဲဖြစ်သည်ဆိုသော်လည်း ဒုံးကျည်ပစ်လွှတ်သည့် စနစ်ကို တပ်စုတစ်စု အားသင်တန်းပေးရန် လိုအပ်နေခြင်းကြောင့် အဆိုပါဒုံးကျည်စနစ်များကို ယူကရိန်းထံ ပေးပို့ရန် ကြန့်ကြာစေနိုင်သည်ဟု ဇွန်လ ၈ ရက်တွင် ပူးတွဲဦးစီးချုပ်များ ဥက္ကဋ္ဌမာ့ခ်မီလေးက ပြောကြားသည်။
Himars သည် အလွန်ခေတ်မီဆန်းပြား သော တာဝေးပစ်စနစ်ဖြစ်သည်ဟု ဗိုလ်ချုပ်မီလေးက သတင်းထောက်များကို ပြောကြားခဲ့သည်။ “အဲ့ဒီစနစ်ကို ကောင်းကောင်းမွန်မွန် အသုံးပြုတတ်စေဖို့ အဲ့ဒီတပ်စုက လူတွေကို ကျွန်တော်တို့သင်ပေးရမှာဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။
ပင်တဂွန်သည် Himars စနစ်ကို ကိုင်တွယ်မည့် အဖွဲ့များကို ပြင်ဆင်ရာတွင် ယူကရိန်းစစ်တပ်နှင့်အတူ အနီးကပ်ချိတ်ဆက်ဆောင်ရွက်နေသည်ဟု ၎င်းက ပြောကြားခဲ့သည်။ Himars သည် ပေါ့ပါးသောကားပေါ်မှ ၂၇၇ မီလီမီတာရှိ ပစ်မှတ်တိကျသောလမ်း ညွှန်ပါဝင်သည့် ဒုံးကျည်များကို ၈၀ ကီလိုမီတာအထိ ပစ်နိုင်သော ဒုံးကျည်ပစ်လွှတ်သည့် စနစ်ဖြစ်သည်။
Himars ဖြင့် ပစ်နိုင်သောအကွာအဝေးသည် ယခုအခါ စစ်မြေပြင်တွင် ရုရှားနှင့် ယူကရိန်းတပ်များက အသုံးပြုနေသည့် သမားရိုးကျလက်နက်ကြီးများဖြင့် ပစ်ရာတွင် ရောက်နိုင်သော အကွာအဝေးထက် နှစ်ဆနီးပါးရှိသည်။
ယူကရိန်းက အဆိုပါလက်နက်များရရှိရန် လပေါင်းများစွာ ပြောဆိုခဲ့သည်။ ထို့ကြောင့် သမ္မတဂျိုးဘိုင်ဒင်၏ အစိုးရသည် အဆိုပါလက်နက်များကို ယူကရိန်းထံပံ့ပိုးပေးမည့် ဆုံးဖြတ်ချက်အား မေလ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း Himars စနစ်ကို အသုံးပြုရန် အဖွဲ့များကို သုံးပတ်ကြာသင်တန်ပေးရမည်ဖြစ်ကာ ပြုပြင်ထိန်းသိမ်းမှုအတွက် နောက်ထပ်နှစ်ပတ်ကြာမည်ဟု ထိုအချိန်တုန်းက ပင်တဂွန်က ပြောကြားခဲ့သည်။
“ယူကရိန်းတွေနဲ့အတူ ကျွန်တော်တို့ လုပ်ဖို့ဆုံးဖြတ်ထားတဲ့ ကိစ္စကတော့ တစ်ကြိမ်မှာ တပ်စုတစ်ခုကို စုဖွဲ့ဖို့ဖြစ်ပါတယ်”ဟု မီလေးက ပြောကြားခဲ့သည်။ ယူကရိန်းသည် သီတင်းပတ်အနည်းငယ်အတွင်းတွင် Himars ဒုံးကျည်ပစ်လွှတ်စနစ်ကို ရရှိမည် ဟုဆိုသည်။
‘အဲ့ဒီလက်နက်တွေနဲ့မှသာ အသေးစိတ် သင်တန်းပေးတာကို စလုပ်လို့ရမှာဖြစ်ပါတယ်”ဟု ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။
“အဆိုပါလက်နက်စနစ်များကို တိုက်ပွဲထဲ ပို့ပေးလိုက်ရုံနဲ့အကျိုးရှိမှာမဟုတ်ပါဘူး။ အဲ့ဒီလက်နက်စနစ်တွေကို ကောင်းကောင်း အသုံးပြုတတ်အောင် လေ့ကျင့်ပေးရမှာဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
Himars အပြင် ဗြိတိန်နှင့်အမည်မ ဖော် လိုသောအခြားနိုင်ငံတစ်နိုင်ငံတို့က ပံ့ပိုးပေးထားသော M 270 Multiple Launch Rocket System တို့က စစ်မြေပြင်၌ ကျူးကျော်သူ ရုရှားတပ်ဖွဲ့များကို ယူကရိန်းက အသာရအောင်လုပ်ပေးမည်ဟု ယူကရိန်းနှင့် အနောက်မဟာမိတ်နိုင်ငံများက မျှော်လင့်ထားကြသည်။
အဆိုပါလက်နက်စနစ်များကို ထိရောက်စွာအသုံးပြုတတ်ပါက ရှေ့တန်းတွင် အကျိုးရှိမည်ဟု ၎င်းက ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
