ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးသည် ရုရှား၏ ကျူးကျော်မှုမတိုင်မီ အမေရိကန် ပြည်ထောင်စု၏ သတိပေးချက်များကို နားထောင်ရန် ဆန္ဒမရှိခဲ့ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဇွန် ၁၀ ရက်တွင် ပြောကြားခဲ့သည်။
“ကျွန်တော် ချဲ့ကားပြီး ပြောဆိုနေတယ်လို့ လူတော်တော်များများက ထင်နေကြမှန်း ကျွန်တော်သိပါတယ်” ဟု လော့စ်အိန်ဂျလိစ် မြို့တွင် ပြုလုပ်သည့် ရန်ပုံငွေရှာဖွေရေး အခမ်းအနားတစ်ခုတွင် ရုရှားက ကျူးကျော်နိုင်ခြေနှင့် ပတ်သက်၍ ကြိုတင်သတိပေးမှုကို ရည်ညွှန်းပြောဆိုခဲ့သည်။
“ဒါပေမဲ့ အဲဒီအကဲဖြတ်မှုကို အတည်ပြုနိုင်တဲ့ အချက်အလက်တွေ ကျွန်တော်တို့မှာ ရှိပါတယ်” ဟု သမ္မတဘိုင်ဒင်က သတင်းထောက်များကို ပြောကြားခဲ့သည်။
“ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ဖို့ လုပ်နေပါတယ်။ ယူကရိန်းသမ္မတရော လူတော်တော်များများက အဲဒါကို နားထောင်ဖို့ ဆန္ဒမရှိခဲ့တာ သေချာပါတယ်။ သူတို့တွေ နားမထောင်ချင်ရတဲ့ အကြောင်းရင်းကိုလည်း ကျွန်တော် နားလည်ပါတယ်။ ပူတင်ဟာ တကယ်ပဲ ယူကရိန်းကို ကျူးကျော်ခဲ့ပါတယ်” ဟုလည်း ဘိုင်ဒင်က ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၄ ရက်တွင် သမ္မတပူတင်က ယူကရိန်းကို အထူးစစ်ဆင်ရေးဆင်နွှဲကြောင်း မကြေညာမီကပင် ယူကရိန်းကို ကျူးကျော်ရန် ရုရှားက ပြင်ဆင်နေကြောင်း အမေရိကန် ပြည်ထောင်စုက ကြိုတင်သတိပေးခဲ့ သည်။သို့ရာတွင် ယင်းကဲ့သို့ သတိပေးချက်များကို မယုံကြည်မှုများ ရှိသကဲ့သို့ မဟာမိတ် ဥရောပနိုင်ငံအချို့၏ ဝေဖန်မှုများပါ ထွက်ပေါ်ခဲ့သည်။
လက်ရှိတွင် ယူကရိန်းအရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး ရုရှား၏ထိုးစစ်ကို ဟန့်တားရန် အစွမ်းကုန်လုပ်ဆောင်နေသည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှားက စစ်ပွဲ စတင်ဆင်နွှဲပြီးနောက် အရင်ဆုံး သိမ်းယူနိုင်ခဲ့သော ဒေသများထဲမှ တစ်ခုဖြစ်သည့် နိုင်ငံတောင်ပိုင်း ခါဆန်ဒေသတွင် လေကြောင်း တိုက်ခိုက်မှုအသစ်များ လုပ်ဆောင်ခဲ့သည်ဟု ယူကရိန်း အစိုးရက ဇွန် ၁၀ ရက်တွင် ပြောကြားခဲ့သည်။
သို့ရာတွင် နိုင်ငံအရှေ့ပိုင်း ဒွန်းဘတ်စ် ဒေသတွင် အလွန်ခက်ခဲသော တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ကြောင်းလည်း ဇယ်လန်စကီးက ဆိုသည်။ ရုရှားသည် ယူကရိန်း အရှေ့ပိုင်းရှိ စက်မှုမြို့ဖြစ်သော ဆီဗာရိုဒိုးနက်မြို့ကို အဓိက ပစ်မှတ်ထားပြီး ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
“ယူကရိန်းတပ်တွေဟာ ကျူးကျော်သူ တွေရဲ့ ထိုးစစ်ကို ရပ်တန့်နိုင်ဖို့ အစွမ်းကုန်လုပ်ဆောင်နေပါတယ်။ လက်နက်ကြီးတွေ၊ ခေတ်မီအမြောက်တွေ ရရှိဖို့အတွက်လည်း ကျွန်တော်တို့ရဲ့ မိတ်ဖက်နိုင်ငံတွေဆီကနေ အဆက်မပြတ် တောင်းဆိုထားပါတယ်” ဟုလည်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
နိုင်ငံတောင်ပိုင်း ရှေ့တန်းစစ်မျက်နှာအနီးရှိ မိုက်ကိုလေ့ဗ်ဒေသ၏ အုပ်ချုပ်ရေးမှူးကလည်း နိုင်ငံတကာ၏ စစ်ရေးအထောက်အပံ့များကိုအရေးတကြီး လိုအပ်နေကြောင်းနှင့် မိမိတို့၏ တိုင်းပြည်ကို ကာကွယ်ရန် ဥရောပနှင့် အမေရိကန်၏ အကူအညီသည် အလွန့်အလွန် အရေးပါနေသည်ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
