ယူကရိန်းတွင် ယနေ့ဖြစ်ပွားနေသည့် ပဋိပက္ခများသည် အရှေ့အာရှတွင်လည်း မနက်ဖန်တွင် ဖြစ်ပွားလာနိုင်သည်ဟု ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ဇွန် ၁၀ ရက်က စင်ကာပူတွင်ပြုလုပ်သည့် ရှန်ဂရီလာ ဆွေးနွေးပွဲ ဟုအမည်ပေးထားသည့် လုံခြုံရေးညီလာခံတွင် သတိပေးခဲ့သည်။
ထိုင်ဝမ်ကို တရုတ်က ကျူးကျော်နိုင်ခြေရှိသည့် အခြေအနေနှင့်ပတ်သက်ပြီး စိုးရိမ်မှုများမြင့်တက်နေချိန်တွင် ကီရှီဒါက အာရှနှင့် ကမ္ဘာတစ်ဝန်းမှ ကာကွယ်ရေးဝန်ကြီးများ၊ ထိပ်သီးစစ်ဘက်အရာရှိများနှင့် လေ့လာဆန်းစစ်သူများတက်ရောက်သည့် ယင်းညီလာခံတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်သည် ထိုင်ဝမ်အရေးနှင့် ပတ်သက်ပြီး ၎င်း၏ ကိုယ်ပိုင်အစီအစဉ်များချ မှတ်မှုကို အထောက်အကူရစေရန် ယူကရိန်းကို ရုရှားက ကျူးကျော်သည့် အခြေအနေကို အနီးကပ်စောင့်ကြည့်နေသည်ဟု ယူဆရကြောင်း အမေရိကန်အရာရှိများက ပြောကြားခဲ့သည်။
ကီရှီဒါကမူ ဂျပန်သည် ငြိမ်းချမ်းရေးကို မြတ်နိုးသည့်နိုင်ငံဖြစ်ကြောင်း၊ ပြောင်းလဲနေသည့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးမြင်ကွင်းသည် ဂျပန်အစိုးရအတွက် မိမိတို့၏ ကာကွယ်ရေးအနေအထားကို ပြန်လည် စိစစ်ရန် စေ့ဆော်မှုတစ်ခုဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
“ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့တဲ့ ဖြစ်စဉ်ကြောင့် ကမ္ဘာတစ်ဝန်းမှာ လုံခြုံရေးနဲ့ ပတ်သက်ပြီး နိုင်ငံတွေရဲ့ သိမြင်နားလည်မှုတွေဟာလည်း သိသိသာသာပြောင်းလဲလာခဲ့ပါတယ်”ဟု ကီရှီဒါက ပြောကြားခဲ့သည်။
ဂျာမနီသည် ၎င်း၏ ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီ၏ နှစ်ရာခိုင်နှုန်းအထိ မြှင့်တင်ခြင်းအားဖြင့် ၎င်း၏ လုံခြုံရေးမူဝါဒကို ပြောင်းလဲခဲ့ပြီး ဖင်လန်နှင့် ဆွီဒင်တို့ကလည်း ၎င်းတို့၏ အစဉ်အလာဖြစ်သည့် ကြားနေဝါဒကို စွန့်လွှတ်ပြီး နေတိုးအဖွဲ့ဝင်အဖြစ်လျှောက်ထားခဲ့သည့် ဖြစ်စဉ်များကို ကီရှီဒါက ရည်ညွှန်းပြောကြားခဲ့သည်။
“ကျွန်တော့်အမြင်ကို ပြောရမယ်ဆိုရင် ဒီနေ့ ယူကရိန်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ မနက်ဖန်ကျရင် အရှေ့အာရှမှာလည်း ဖြစ်ပွားလာနိုင်ပါတယ်”ဟု အနောက်နိုင်ငံများနှင့်ပူးပေါင်းပြီး ရုရှားကို ပိတ်ဆို့မှုများချမှတ်ခဲ့သည့် ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ် ကီရှီဒါက ပြောကြားခဲ့သည်။
ကီရှီဒါက သူသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့်လုံခြုံရေးအတွက် ကြိုးပမ်းအားထုတ်နေချိန်တွင် ဝန်ကြီးချုပ်တစ်ဦးအနေဖြင့် ဂျပန်ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကိုလည်း ကာကွယ်ရန် တာဝန်ရှိသည်ဟု ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေ ကမ္ဘာကြီးအနေဖြင့် အခြားနိုင်ငံများ၏ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို အင်အားသုံးပြီး နင်းခြေမည့် အင်အားစု တစ်စုစု ပေါ်ပေါက်လာမည့် အခြေအနေအတွက် အသင့်ပြင်ထားရန်လိုအပ်သည်ဟုလည်း ကီရှီဒါက ဆိုသည်။
ထို့ပြင် စည်းမျဉ်းစည်းကမ်း အခြေပြု နိုင်ငံတကာ အခင်းအကျင်းကို ထိန်းသိမ်းရန်လည်း ကီရှီဒါက တိုက်တွန်းခဲ့ပြီး ယင်းပြောကြားချက်သည် အာရှ-ပစိဖိတ်ဒေသတွင် တရုတ်၏ မြင့်တက်လာသည့် ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုရှိလွန်းသည့် အခြေအနေကို ရည်ညွှန်းပြောဆိုရာ ရောက်ခဲ့သည်။
ဂျပန်အနေဖြင့် မိမိကိုယ်ကိုယ် ကာကွယ်ရန် အဟန့်အတားများနှင့် တုံ့ပြန်နိုင်စွမ်းတို့ကို မြှင့်တင်ရန်လိုအပ်ပြီး မိမိတို့အစိုးရအဖွဲ့သည် ယခုနှစ်ကုန်ပိုင်းတွင် အမျိုးသားလုံခြုံရေး မဟာဗျူဟာအသစ်တစ်ခု ချမှတ်ရေးဆွဲ သွားမည်ဟု ကီရှီဒါက ပြောကြားခဲ့သည်။ ကီရှီဒါ၏ အစိုးရအဖွဲ့သည် ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်မည်ဟု ယခင်ကတည်းက ကြေညာခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
