ယခုအချိန် ရှာဖွေတွေ့ရှိထားသည့် မျောက်ကျောက်ရောဂါ ကူးစက်မှုဖြစ်စဉ်များသည် ပုံမှန် ရောဂါလက္ခဏာများလုံးဝပြသခြင်းမရှိသောကြောင့် ယင်းရောဂါကူးစက်မှုဖြစ်စဉ်များကို ထောက်လှမ်းသိရှိနိုင်ရန် ပိုမို ခက်ခဲကြောင်း အမေရိကန်ကျန်းမာရေးကျွမ်းကျင်သူများက ဇွန် ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ရောဂါကူးစက်ပျံ့နှံ့မှုကို တားမြစ်ရာတွင် ရောဂါကူးစက်မှုဖြစ်စဉ်ကို ဖော်ထုတ်နိုင်ခြင်းသည် အရေးပါသည်ဟု ရောဂါထိန်းချုပ်ရေး နှင့်ကာကွယ်ရေးစင်တာ (CDC) က အလေးပေးပြောကြားခဲ့သည်။
“အပျော့စားနဲ့ တစ်ခါတစ်ခါ ခန္ဓာကိုယ်ရဲ့ အကန့်အသတ်နေရာတွေမှာသာ ဖြစ်ပွားတဲ့ မျောက်ကျောက်ရောဂါ ကူးစက်မှုဖြစ်စဉ်တွေကို ကျွန်မတို့တွေ မြင်တွေ့ရပြီး ဒါဟာ မျောက်ကျောက်ရောဂါ ပုံမှန်ဖြစ်ပွားနေကျ အနောက်ဗဟိုအာဖရိကနိုင်ငံတွေမှာတွေ့ရလေ့ရှိတဲ့ ပုံမှန်ရောဂါဖြစ်စဉ်တွေနဲ့ကွဲပြားခြားနားနေပါတယ်”ဟု CDC အကြီးအကဲ ရိုချယ်လီ ဝေါလန်စကီးက ပြောကြားခဲ့သည်။
“အချို့ ကူးစက်မှုဖြစ်စဉ်တွေဟာ မသိသာလောက်တာတွေ ဒါမှမဟုတ် ရောဂါကူးစက်နေကြောင်း မသိနိုင်တာတွေ ဖြစ်လာနိုင်တဲ့အပေါ် စိုးရိမ်စရာ ဖြစ်နေပါတယ်”ဟု ၎င်းက ပြောကြားခဲ့ပြီး ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများနှင့် အများပြည်သူများအနေဖြင့် ပိုမို သတိဝီရိယရှိကြရန် တိုက်တွန်း ပြောကြားခဲ့သည်။
လက်ရှိ ဖြစ်ပွားနေသည့် မျောက်ကျောက်ရောဂါ ကူးစက်မှုဖြစ်စဉ်များတွင် ဖျားနာမှုကဲ့သို့ တုပ်ကွေးနှင့်ဆင်တူသည့်ရောဂါလက္ခဏာများ၊ ခန္ဓာကိုယ် ကိုက်ခဲခြင်းနှင့် ပုံမှန်အားဖြင့် ရောဂါ၏အဖုအပိမ့်အနီကွက်ထသည့် ရောဂါလက္ခဏာသွင်ပြင်မတိုင်မီ ဖြစ်ပေါ်ခံစားရသည့် အကျိတ်ရောင်ခြင်းများ ပြသခြင်းမရှိဟု သိရသည်။
ထို့ပြင် ယင်းအဖုအပိမ့်အနီကွက်များသည် ခန္ဓာကိုယ်နေရာအနှံ့တွင် ပေါ်ပေါက်လေ့ရှိသော်လည်း လက်ရှိကူးစက်မှုဖြစ်စဉ် အများအပြားတွင် ခန္ဓာကိုယ်၏နေရာအချို့၌ သာ အကန့်အသတ်ဖြင့် ပေါက်နေသည်ကို တွေ့ရသည်။
“မျောက်ကျောက်ရောဂါကူးစက်မှုဖြစ်စဉ်တွေဟာ ရေယုန်လိုမျိုး အချို့ လိင်ပိုင်းဆိုင်ရာ ကူးစက်မှုရောဂါတွေနဲ့ အလားသဏ္ဍာန် တူနေဖွယ်ရှိတာကို သတိပြုမိဖို့အရေးကြီးပါတယ်။ နောက်ပြီး အခြားရောဂါတွေနဲ့မှားနိုင်ခြေရှိပါတယ်”ဟု ဝေါလန်စကီးက ပြောကြားခဲ့သည်။
အမေရိကန်တွင် လက်ရှိအချိန်၌ မျောက်ကျောက်ရောဂါ ကူးစက်မှုဖြစ်စဉ် စံချိန်တင် ၄၅ ဦးရှိပြီး လွန်ခဲ့သည့်သီတင်းပတ်ထက် ကူးစက်ခံရသူ နှစ်ဆမြင့်တက်လာကာ သေဆုံးသူမရှိဟုလည်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
ဇွန် ၉ ရက်အထိ ကမ္ဘာတစ်ဝန်းတွင် မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ၁,၃၀၀ ဝန်းကျင်ရှိသည်ဟု ဝေါလန်စကီးကဆိုသည်။
လူနှစ်ဦးကြားအနီးကပ်နှင့် အချိန်ကြာရှည်ထိတွေ့မှုမှ ကူးစက်မှုဖြစ်စေပြီးအမေရိကန်တွင် ရောဂါကူးစက်မှုကို နှိမ်နင်းရန်ကူးစက်ခံရသူနှင့် ထိတွေ့သူများကို ရေကျောက်ကာကွယ်ဆေးများ ထိုးနှံပေးထားသည်။
အမေရိကန်တွင် ACAM 2000 ကာကွယ်ဆေး အလုံးရေ သန်း ၁၀၀ ရှိသော်လည်း နောက်ထပ် ခေတ်ပေါ်ကာကွယ်ဆေး Jynneos အလုံးရေ အများအပြားထုတ်လုပ်နိုင်ရန် လုပ်ဆောင်နေသည်ဟု ဝေါလန်စကီးက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
