နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) သည် ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားများ၏ အခြေခံ အခွင့်အရေးများထဲတွင် လုပ်ငန်းခွင် ကျန်းမာရေးနှင့် လုံခြုံရေးတို့ကို ထည့်သွင်းသတ်မှတ်ခဲ့ပြီး ယင်းသည်အဖွဲ့ ဝင်နိုင်ငံများအတွက် စည်းကမ်းချက် အသစ်များချမှတ်သည့် သမိုင်းဝင် ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့သည်။
နှစ်စဉ်နှစ်တိုင်း ကမ္ဘာတစ်ဝန်းတွင် အလုပ်သမား သုံးသန်းနီးပါးသည် လုပ်ငန်းခွင်နှင့်ပတ်သက်သည့် ဖြစ်စဉ်များကြောင့် သေဆုံးခဲ့ရသည်ဟု ILO က ပြောကြားခဲ့သည်။
“လုပ်ငန်းခွင်မှာ လုံခြုံရေးနဲ့ ကျန်းမာရေးကို ILO ရဲ့ အခြေခံ စည်းမျဉ်းစည်းကမ်းတွေနဲ့ အခွင့်အရေးတွေရဲ့ မူဘောင်တွေထဲမှာထည့် သွင်းသတ်မှတ်လိုက်တာဟာ မလိုအပ်ဘဲ အသက်ဆုံးရှုံးမှုတွေမဖြစ် အောင်တားဆီးတဲ့ အရေးပါတဲ့ လုပ်ဆောင်ချက်တစ်ရပ်ဖြစ်ပါတယ်”ဟု ILO က Twitter တွင် ရေးသားဖော်ပြခဲ့သည်။
“လုပ်ငန်းခွင်အတွင်း အခြေခံစည်းမျဉ်းစည်းကမ်းများနှင့် အခွင့်အရေးများ” ဟူသည့်မူဘောင်ကို ၁၉၉၈ ခုနှစ်ကတည်းက အခြေခံစည်းကမ်းချက်လေးခုဖြင့် သတ်မှတ် ကြေညာခဲ့ခြင်းဖြစ်သည်။
ယင်းအခြေခံစည်းကမ်းချက် လေးခုမှာ အလုပ်သမားများအနေဖြင့်လွတ်လပ်စွာ အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်နှင့် အလုပ်သမားသမဂ္ဂနှင့် အလုပ်ရှင်တို့အကြား ဆွေးနွေး ညှိနှိုင်းခွင့်၊ အတင်းအဓမ္မ သို့မဟုတ် မလုပ်မနေရစည်းကမ်းဖြင့် ဖိအားပေးပြီး အလုပ်ခိုင်းစေသည့် ပုံစံအားလုံးကို ဖယ်ရှားခြင်း၊ ကလေးလုပ်သားများမရှိစေရန် ထိရောက်စွာ ဖျက်သိမ်းရေးနှင့် လုပ်ငန်းခွင်များအတွင်း ခွဲခြားဆက်ဆံမှုများကို အဆုံးသတ်ရေး အစရှိသည့် အချက်များဖြစ်သည်။
၁၉၉၈ ကြေညာချက်အရ ILO အဖွဲ့ဝင် ၁၈၇ နိုင်ငံလုံးသည် ၎င်းတို့၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခြေအနေအရ ယင်းစည်းမျဉ်းစည်းကမ်းများနှင့် အခွင့်အရေးများကိုသဘောတူ လိုက်နာရမည်ဖြစ်သည်။
ဇွန် ၁၀ ရက်က ကြေညာချက်အရ အဖွဲ့ဝင်နိုင်ငံအားလုံးသည် လုပ်ငန်းခွင် အခြေခံစည်းမျဉ်းစည်းကမ်းများနှင့် အခွင့်ရေးများထဲတွင် ယခင်စည်းကမ်းများအပြင် လုပ်ငန်းခွင်ကျန်းမာရေးနှင့် လုံခြုံရေးကို ထည့်သွင်းပြီး လေးစားလိုက်နာရတော့မည်ဖြစ်သည်ဟု ILO က ပြောကြားခဲ့သည်။
ကမ္ဘာတစ်ဝန်းတွင် တစ်နိုင်ငံ ချင်းစီ၏ အလားအလာနှင့် အနှောင့်အယှက် အဟန့်အတားများနှင့်ပတ်သက်ပြီး နှစ်စဉ် သတင်းထုတ်ပြန်မှုများပါဝင်သည့် လုပ်ထုံးလုပ်နည်းများဖြင့် စည်းကမ်းချက်အသစ်များကို လုပ်ဆောင်သွားမည်ဟုလည်း ILO ကပြောကြားခဲ့သည်။
ယခုချမှတ်ခဲ့သည့် သမိုင်းဝင် ဆုံးဖြတ်ချက်သည် အလွန်အရေးကြီးကြောင်း ILO အကြီးအကဲ ဂိုင်းရိုက်ဒါက Twitter တွင်ရေးသားခဲ့သည်။ “အခုဆိုရင်ကျွန်တော်တို့ဟာ အလုပ်သမားရေးရာ အဓိကပြဿနာကို ဖြေရှင်းဖို့ ထူးခြားတဲ့ မူဝါဒ လမ်းစဉ်ရှိလာခဲ့ပါပြီ”ဟု ဗြိတိန်ကုန်သွယ်ရေးသမဂ္ဂအဖွဲ့ဝင်ဟောင်းဖြစ်သည့် ရိုက်ဒါက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
