ညီအမသုံးဦးနှင့် ၎င်းင်းတို့၏က လေးများကို ရေတွင်းတစ်ခုထဲတွင် သေဆုံးနေကြောင်း မတွေ့ရှိမီအချိန်က ထိုညီအမသုံးဦးသည် ၎င်းတို့ လက်ထပ်ခဲ့သော မိသားစုကိုအပြစ်တင်သည့် သတင်းစကားတစ်ခုချန်ရစ်ထားခဲ့ကြသည်။
ကာလူ၊ ကမ်လက်ရှ်နှင့်မမ်တာမီနာ အမည်ရှိထို ညီအမသုံးဦးသည် ၎င်းတို့ဘက်က တင်တောင်းရသည့် ပစ္စည်းကိစ္စနှင့်ပတ်သက်၍ အငြင်းပွားမှုတစ်ခု၏နစ်နာသူများ ဖြစ်ကြသည်။ အိန္ဒိယမိဘများသည် ၎င်းတို့၏သမီးများနှင့်လက်ထပ်ထိမ်းမြားရန် အမျိုးသားများဘက်ကို ငွေပမာဏအများအပြားကို တင်တောင်းငွေ အဖြစ်ပေးကြရသည်။
ယင်းညီအမသုံးဦးသည်မိသားစုတစ်စုထဲမှ ညီအကိုသုံးဦးနှင့်လက်ထပ်ပြီး တစ်မိုးအောက်တွင်အတူနေ ထိုင်ကြသော်လည်း ၎င်းတို့၏ခင်ပွန်းများနှင့် ခဲအိုများ၏ ညှင်းပန်းနှိပ်စက်မှုများကို အမြဲတမ်းခံခဲ့ကြရသည်ဟု ထိုညီအမများ၏ ဝမ်းနည်းနေသော ဆွေမျိုးများက ပြောကြားခဲ့သည်။
၎င်းတို့၏ဖခင်သည် နောက်ထပ်တောင်းဆိုသော ငွေများကိုပေးရန် ပျက်ကွက်မှုအပါအဝင် ကိစ္စအများအပြားကြောင့် ထိုညီအမသုံးဦးသည် အမြဲတမ်းညှင်းပန်းနှိပ်စက်ခံခဲ့ရသည်။
ဂျေပူအာမြို့ပြင်ရှိ ရွာလေးတစ်ရွာမှ ၎င်းတို့နေထိုင်ရာနေအိမ်တွင် လွန်ခဲ့သည့်လက ထိုညီအမသုံးဦးအပြင် ကာလူ၏လေးနှစ်အရွယ်သားနှင့်မွေးကင်းစကလေးတစ်ဦးတို့ရေတွင်းထဲတွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။ကမ်လက်ရှ်နှင့်မမ်တာတို့နှစ်ဦးသည်လည်း ကိုယ်ဝန်ဆောင်ထားရသူများဖြစ်သည်။
“ကျွန်မတို့ မသေချင်ပါဘူး ဒါပေမဲ့ညှင်းပန်းနှိပ်စက်ခံရတာထက်စာရင် သေလိုက်တာကမှပိုကောင်း ပါတယ်”ဟု ၎င်းတို့မသေဆုံးမီဆွေမျိုးတစ်ဦးအား WhatsApp မှပေးပို့ခဲ့သည့် စာတွင်ဖော်ပြထားသည်။
“ကျွန်မတို့ရဲ့ခဲအိုတွေကကျွန်မတို့သေဆုံးရတဲ့နောက်ကွယ်က အကြောင်းအရင်းဖြစ်ပါတယ်။နေ့စဉ် သေနေရမယ့်အစားကျွန်မတို့တွေ တစ်ခါထဲ အတူတူသေလိုက်ရတာက ပိုကောင်းပါတယ်” ဟုလည်းဖော်ပြ ထားသည်။
အာဏာပိုင်များက စုံစမ်းစစ်ဆေးနေပြီး လက်ရှိတွင် ယင်းသေဆုံးမှုအား မိမိကိုယ်ကို အဆုံးစီရင်မှုအဖြစ် သတ်မှတ်ထားကြောင်း အကြီးတန်းရဲအရာရှိကပြောကြားခဲ့သည်။
စိတ်မကောင်းဖြစ်နေသောညီ အမသုံးဦး၏ဖခင် ဆာဒါမီနာက ၎င်း၏သမီးများကို ခင်ပွန်းဖြစ်သူတို့က ပညာသင်ကြားခွင့်ပိတ်ပင်ထားသည့်အပြင် ငွေကြေးထပ်မံပေးရန် အမြဲတမ်းနှောင့်ယှက်နေသောကြောင့် ၎င်းတို့၏ဘဝသည်ငရဲကျနေသကဲ့သို့ ့ဖြစ်ကြောင်းပြောကြားခဲ့သည်။
“ကျွန်တော်တို့တွေ သူတို့ကိုအများကြီး ပေးထားခဲ့ပြီးပါပြီ။ အဲ့ဒီပစ္စည်းတွေကို သူတို့အိမ်ထဲမှာသင်တို့တွေ့နိုင်ပါတယ်”ဟု ၎င်းကသမီးဖြစ်သူများ၏ မိသားစုအတွက် ထောက်ပံ့ပေးခဲ့ရသည့် အိပ်ရာများ၊ tv များနှင့် ရေခဲသေတ္တာများကိုရည်ညွှန်း၍ ပြောကြားခဲ့သည်။
“ကျွန်တော်က ကလေးခြောက်ယောက်ဖခင်ပါ။ကျွန်တော့်မှာဘယ်လောက်အထိ ပေးနိုင်တယ်ဆိုတဲ့အကန့်အသတ်ရှိပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့က ခန်းဝင်ပစ္စည်း အနှောင့်အယှက်ပေးမှုနှင့်ဇနီးသည်တို့အား ညှင်းပန်းနှိပ်စက်မှုစွဲချက်များဖြင့် ခင်ပွန်းဖြစ်သူသုံးဦး၊ ၎င်းတို့ ၏မိခင်နှင့် ညီမဖြစ်သူ တို့ကိုဖမ်းဆီးခဲ့သည်။
အိန္ဒိယတွင် လွန်ခဲ့သည့်နှစ် ပေါင်း ၆၀ ကျော်ကတည်းကတင် တောင်းငွေပေးသည့်အလေ့အကျင့် ကိုတရားမဝင်ကြောင်း ကြေညာထားပြီး ယင်းတင်တောင်းငွေပေးမှုနှင့်ပတ်သက်၍ အနှောင့်အယှက်ပေးမှု သို့မဟုတ် ခြိမ်းခြောက်ငွေညှစ်မှုတို့ကို ရာဇဝတ်မှုအဖြစ်သတ်မှတ်ထားသည်။
သို့သော် အမျိုးသမီးများအား စီးပွားရေးဝန်ထုပ်ဝန်ပိုးအဖြစ်သဘောထားကာ ၎င်းတို့အား သတို့သမီးအဖြစ် လက်ခံမှုအတွက်လျော်ကြေးတောင်းဆိုသည့် လူမှုရေးဆိုင်ရာ သဘောတူညီချက်များကြောင့် ကျေးလက်ဒေသများတွင် ယင်းဓလေ့ထုံးစံအား ဆက်လက်ကျင့်သုံးနေသည်။
ဒေသတွင်း သတင်းမီဒီယာများတွင်လည်း အဆုံးသတ် သေဆုံးမှုကို ဖြစ်စေနိုင်သည့် လင်မယားပိုင်ဆိုင်မှု အငြင်းပွားမှုသတင်းများကို ပုံမှန် ဖော်ပြပေးနေသည်။
မီနာညီအမများအတွက်ဆွေမျိုးများက ၎င်းတို့ညှင်းပန်းနှိပ်စက်ခံနေသည်ဟု သိနေသည့်တိုင်ထွက်ပြေးခြင်းကို ရွေးချယ်မှုတစ်ခုအဖြစ် မမြင်နိုင်ခဲ့ပါ။
အိန္ဒိယအမျိုးသားရာဇဝတ်မှု မှတ်တမ်းဗျူရို၏ထုတ်ပြန်ချက်အရ ၂၀၂ဝခုနှစ်အတွင်း တင်တောင်းငွေ နှင့်ဆက်နွှယ်၍ သတ်ဖြတ်မှုဖြစ်စဉ် ၇၀၀၀ နီးပါးရှိပြီး နေ့စဉ်အမျိုးသမီး ၁၉ ဦးနီးပါးသေဆုံးနေသည်ဟုဆို သည်။ယင်းဖြစ်စဉ်ကြောင့် နှစ်စဉ် မိမိကိုယ်ကိုအဆုံးစီရင်သည့်အမျိုးသမီးပေါင်း ၁,၇၀၀ ကျော်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
