ဂါဇာ၊နိုဝင်ဘာ ၅
ဂါဇာ၌သောင်တင်နေသည့် ဒါဇင်နှင့်ချီသောပါလက်စတိုင်းကျောင်းသားများက ၎င်းတို့ကို ဒေသမှထွက်ခွာခွင့်ပြုရန်နှင့် နိုင်ငံခြား၌ ဆက်လက်ပညာယူသင်ခွင့်ရရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ကြကြောင်းသိရသည်။
လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပိတ်ဆို့ခံထားရမှုများကြောင့် ပြင်ပသို့သွားရောက်ကာ ဆက်လက်ပညာသင်ကြားခွင့်ရရေးနှင့် ပြည်ပကျောင်းလျှောက်ထားခွင့်များကို ၁၃ လကြာပိတ်ထားခဲ့သဖြင့် ပြန်လည် ခွင့်ပြုပေးရန် ယခုကဲ့သို့ ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
“လက်ရှိဖြစ်နေတဲ့စစ်က ကျွန်တော်တို့ဘဝတွေရဲ့တက်လမ်းတွေကို ပိတ်စေပါတယ်၊ကျောင်းဆက်တက်ဖို့အတွက် အခုထိစောင့်နေရတုန်းပါပဲ” ဟု ယူကရိန်း၌ဆေးကျောင်းတက်နေပြီး ဂါဇာ၌ သောင်တင်နေသည့် ကျောင်းသားတစ်ဦးကပြောကြားခဲ့သည်။
အသက် ၂၂ နှစ်အရွယ်ရှိ အဆိုပါကျောင်းသားသည် တသက်တာအိပ်မက်အတွက် ကျောင်းဆက်တက်ခွင့်မရတော့မည်ကိုလည်း စိုးရိမ်နေမိကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။ ဂါဇာရှိပါလက်စတိုင်းပညာရေးအာဏာပိုင်များ၏ ပြောကြားချက်အရ ဂါဇာ၌ ပိတ်မိနေသူကျောင်းသား ၁,၅၀၀ ခန့်ရှိကြောင်းနှင့် ကျောင်းတက်ရန်ပြည်ပထွက်ခွင့်မရကြောင်းသိရသည်။
မေလက အစ္စရေးတပ်က ရာဖာမြို့အားသိမ်းလိုက်ပြီးကတည်းက ဂါဇာ၏အဓိကဝင်ပေါက်ထွက်ပေါက်ဖြစ်သည့် အဆိုပါ ရာဖာမြို့နယ်စပ်ဂိတ်အား ပိတ်ဆို့ထားခြင်းဖြစ်ကြောင်းလည်းသိရသည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
