မန္တလေးမြို့တွင် လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ပြတ်တောက်လာသောကြောင့် အသေးစား၊ အလတ်စား SME လုပ်ငန်းများလည်ပတ်ရန် အခက်ကြုံနေရကြောင်း လုပ်ငန်းရှင်များက ပြောသည်။
လျှပ်စစ်မီးကို ပြီးခဲ့သည့် မိုးတွင်းကာလတုန်းက တစ်ရက်လျှင် အလှည့်ကျစနစ်ဖြင့် (၁၀)နာရီ ဝန်းကျင်ခန့် ရရှိခဲ့ရာမှ လက်ရှိတွင် တစ်ရက်ကိုအလှည့်ကျစနစ်ဖြင့် (၈) နာရီဝန်းကျင်ဟု ဆိုသော်လည်း လာချိန်ထက် ပြတ်ချိန်များ များနေသည်ဟု ဆိုကြသည်။
ထို့ကြောင့် လုပ်ငန်းများ လည်ပတ်ရာ၌ အခက်ကြုံနေရကာ လုပ်ငန်းများကို စက်သုံးဆီများဖြင့် လည်ပတ်နေရပြီး ကုန်ကျစရိတ် ပိုမိုများလာသလို ကုန်ကျစရိတ်များတာကြောင့် ထုတ်ကုန်များကိုလည်း ဈေးထပ်တင်နေရကြောင်း SME လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“စားသုံးသူတွေလည်း ထိတာပေါ့၊စက်သုံးဆီနဲ့ လည်ပတ်ရတယ်ဆိုတော့ ကုန်ကျစရိတ်တွေ များလာတာပေါ့။ ထုတ်လုပ်မှုကုန်ကျစရိတ်တွေ ဘာပဲလုပ်လုပ်ပေါ့ ကုန်ကျစရိတ်တွေ များလာရင်တော့ လုပ်ငန်းရှင်တွေအတွက်ကတော့ သူအမြတ်ထပ်တင်မှာပေါ့” ဟု ၎င်းက ပြောသည်။
လျှပ်စစ်မီးသည် လုပ်ငန်းတစ်ခု လည်ပတ်ရန်အတွက် အခြေခံလိုအပ်ချက် ဖြစ်သောကြောင့် ယခုပွင့်လင်းရာသီ၌ ပြတ်တောက်လာခြင်းသည် လုပ်ငန်းပုံမှန်လည်ပတ်ရန်အတွက်ပင် ခက်ခဲလာကြောင်းလည်း ၎င်းကဆက်ရှင်းပြသည်။
လက်ရှိတွင် နိုင်ငံတဝန်းရှိ စက်မှုဇုန်များအားလုံးတွင် နံနက် (၉)နာရီမှ နေ့လယ် (၁) နာရီ (သို့) နေ့လယ် (၁) နာရီမှ ညနေ (၅) နာရီ အလှည့်ကျ ပေးနေလျက်ရှိနေရာမှ စက်မှုဇုန်များအားလုံးတွင် တစ်ရက်လျှင် (၄) နာရီအလှည့်ကျဖြင့်သာ လျှပ်စစ်မီး ရရှိတော့မည်ဖြစ်ကြောင်းလည်း သိရသည်။
ထိုနည်းတူ ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်(၄)ခုစလုံးကို နိုဝင်ဘာ (၅ )ရက်ကစတင်၍ တစ်ရက်လျှင် (၂)ကြိမ်ခွဲ၍ (၈)နာရီ မီးဖြတ်မည်ဖြစ်ကြောင်း လျှပ်စစ်ရုံးများက ကြေညာထားပြီး ထိုကဲ့သို့ ပြောင်းလဲလိုက်ရခြင်းသည် နိုဝင်ဘာလအတွင်းလျှပ်စစ်မီးရရှိမှုနည်းပါးပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းတချို့၌ အကြီးစား ပြုပြင်ထိန်းသိမ်းတာလုပ်နေရခြင်းကြောင့်ဟုလည်း လျှပ်စစ်ဌာနများနှင့် နီး စပ်သူများထံမှလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
