တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ကျင်းပမည့် ထိပ်သီးအစည်းအဝေးများတက်ရောက်ရန်ရောက်ရှိနေသော နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနှင့်လာအိုနိုင်ငံတို့မှ ဝန်ကြီးချုပ်များကို ယနေ့ နိုဝင်ဘာ ၆ ရက်နံနက်ပိုင်းက လက်ခံတွေ့ဆုံခဲ့သည်။
နစက ဥက္ကဋ္ဌမှ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် H.E. Mr. Hun Manet အား Green Lake ဟိုတယ်နှင့် လာအိုနိုင်ငံဝန်ကြီးချုပ် H.E. Mr. Sonexay Siphandone အား HUALUXE Kunming ဟိုတယ်တို့၌ သီးခြားစီတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယား၊ လာအို နိုင်ငံတို့ကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုတိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများနှင့် လက်ရှိ ပကတိအခြေအနေများ၊ လွတ်လပ်၍တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံအနေဖြင့် အကောင်းဆုံးပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ အာဆီယံအစည်းအဝေးများတွင် မြန်မာနိုင်ငံမှပါဝင်နိုင်မှုအခြေအနေများ၊ မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် အခြေအနေများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရန်လိုအပ်သည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့အတူ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံတို့မှလည်း အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးသွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံနှင့်ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့ကြား ချစ်ကြည်ရင်းနှီးမှုနှင့်သံတမန်ဆက်ဆံရေးဆိုင်ရာများ၊ ချစ်ကြည်ရေးခရီးများ အပြန်အလှန်လည်ပတ်ရေးဆိုင်ရာများ၊ နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ လူမှုရေးကဏ္ဍနှင့် ယဉ်ကျေးမှုကဏ္ဍများမြှင့်တင်ရေးဆိုင်ရာများနှင့်အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။











-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
