တရုတ် – မြန်မာနှစ်နိုင်ငံခရီးသွားကဏ္ဍတွင် အပြန်အလှန်ကူးလူးဖလှယ်ခြင်း နှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို ဆက်လက်တိုးမြှင့်ခြင်းဖြင့် အစဉ်အလာ ချစ်ကြည်ရေးကို ခိုင်မာစေမည်ဟု မျှော်လင့်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ဆောင်မှုအရည်အသွေး မြှင့်တင်ရေး သင်တန်းများဖွင့်ပွဲအခမ်းအနားနှင့် မြန်မာနိုင်ငံတွင် တရုတ်ခရီးသွားစျေးကွက် မြှင့်တင်ရေး ဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအပေါ် တရုတ်နိုင်ငံ၏ ဂရုပြုမှုနှင့် ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ရှိကြောင်း၊ နှစ်နိုင်ငံ ခရီးသွားကဏ္ဍတွင် အပြန်အလှန်ကူးလူးဖလှယ်ခြင်း နှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို ဆက်လက်တိုးမြှင့်ခြင်းဖြင့် အစဉ်အလာ ချစ်ကြည်ရေးကို ခိုင်မာစေမည်ဟု မျှော်လင့်ကြောင်းပြောကြားခဲ့သည်။
အလားတူ အခမ်းအနားသို့တက်ရောက်လာသည့် တရုတ်သံမှူး Mr. Li Qianguo ကလည်း တရုတ်နိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ နှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးမူဝါဒများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် Air China အရောင်းကိုယ်စားလှယ်မှ အပြည်ပြည်ဆိုင်ရာနှင့်ဒေသတွင်း လေကြောင်းခရီးစဉ်များကို မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဒေသအသီးသီးမှ သင်တန်းသား သင်တန်းသူပေါင်း (၂၄၀) ကျော် တက်ရောက်မည့် အဆိုပါသင်တန်းများကို တရုတ်နိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (CFRD) မှအရင်းအနှီးထည့်ဝင် ကူညီစီစဥ်၍ ရက်ပေါင်း (၂၀) ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
