နူနိုဆန်တိုနဲ့ နော်တင်ဟမ်ရဲ့ရာသီသစ်ဖြတ်သန်းမှုကိုကြည့်ရင် ကစားသမားသစ်ခေါ်ယူမှုတွေ၊ ငွေကြေးသုံးစွဲမှုတွေထက် ရှိရင်းစွဲကစားသမားတွေကိုပဲ အကျစ်လျစ်ဆုံးဖြစ်အောင်တည်ဆောက်ပြီး လူငယ်တွေရဲ့အားကိုဗဟိုပြုခဲ့တာပါ။ အသင်းငယ် တစ်သင်းအနေနဲ့ ခံစစ်အားပြုကစားစေဖို့ထက် ဝုလ်ဗ်အသင်းနဲ့အတူ အောင်မြင်ခဲ့တဲ့ တောင်ပံအားပြုကစားဟန်ကို အသက်သွင်းခဲ့ပြီး အီလန်ဂါ၊ အိုဒွိုင်းတို့ရဲ့ တောင်ပံတိုက်စစ်တွေက အသင်းရဲ့ နိုင်ပွဲတွေအတွက် အရေးပါတဲ့အစိတ်အပိုင်းဖြစ်လာခဲ့ပါတယ်။ ဒါ့ပြင် ခံစစ်ပိုင်းစွမ်းဆောင်ရည်ကလည်း သိသိသာသာတိုးတက်လာခဲ့ပြီး ပွဲစဉ် (၁၀) အပြီးမှာ ပေးဂိုး (၇)ဂိုးသာခွင့်ပြုထားရတာက လီဗာပူးလ် (၆ ဂိုး)ရဲ့နောက်ဒုတိယအနည်းဆုံးအရေအတွက်အဖြစ် မှတ်တမ်းဝင်နေပါတယ်။ နော်တင်ဟမ်အသင်းဟာ ပွဲစဉ် (၁၀)အပြီးမှာ ရှုံးပွဲတစ်ပွဲသာ ကြုံတွေ့ထားပြီး ချန်ပီယံလောင်းတွေဖြစ်တဲ့ လီဗာပူးလ်၊ မန်စီးတီးတို့နဲ့အတူ ရှုံးပွဲအနည်းဆုံးအသင်း အဖြစ်လည်းရပ်တည်နေပြန်ပါတယ်။ နော်တင်ဟမ် အသင်းဟာ ဒီရာသီအစကတည်းက တည်ငြိမ်တဲ့ ခြေစွမ်းကို တစ်သမတ်တည်းပြသနိုင်ခဲ့တာဖြစ်ပြီး ရာသီအဖွင့်ပွဲစဉ် (၁)ကနေ ပွဲစဉ် (၅)အပြီးထိရှုံးပွဲ မရှိခဲ့သလို၊ ပွဲစဉ် (၆)မှာ ဖူလ်ဟမ်အသင်းကိုရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း နောက်ဆုံးကစားခဲ့တဲ့ (၄)ပွဲမှာလည်းရှုံးပွဲမရှိ၊ (၃)ပွဲဆက်တိုက်အနိုင်ရလဒ်နဲ့အတူ အဆင့် (၃)နေရာအထိ တက်လှမ်းပြခဲ့တာပါ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
