ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းမှ ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာသည် အာရှချန်ပီယံလိဂ်ပွဲစဉ်တွင် ကြွက်သားဒဏ်ရာ ထပ်မံရရှိခဲ့ပြီး တစ်လဝန်းကျင်ခန့် အနားယူရဖွယ်ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။
နေမာ(၃၂ နှစ်)သည် နိုဝင်ဘာလ ၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သော အယ်လ်ဟီလာ ၃-၀ အယ်စတယ်လာ ပွဲစဉ်တွင် ပွဲချိန် ၅၈ မိနစ်တွင် လူစားဝင်ကစားပြီးနောက် နာရီ ဝက်ခန့်အကြာတွင် ကြွက်သားဒဏ်ရာ ရရှိခဲ့ ခြင်းဖြစ်သည်။ ၎င်းအနေဖြင့် ဒူးအရွတ်ဒဏ် ရာကြောင့် တစ်နှစ်ကျော်ကြာ အနားယူခဲ့ပြီးနောက် ယခုပွဲစဉ်မှာ ဒုတိယမြောက် လူစားဝင်ကစားသည့် ပွဲစဉ်ဖြစ်ကြောင်း သိရသည်။
နေမာသည် အာရှချန်ပီယံလိဂ် ပွဲစဉ်နှစ်ပွဲတွင်သာ လူစားဝင်ကစားခဲ့ပြီး ပွဲကစားချိန်မှာလည်း စုစုပေါင်း ၄၂ မိနစ်သာ ရှိခဲ့သည်။ "ဒါက ကြွက်တက်သလိုပဲ ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ အရမ်းသန်မာနေခဲ့တယ်။ ကျွန်တော့် အနေနဲ့ စမ်းသပ်မှုတချို့တော့ ပြုလုပ်သွားရမှာပါ။ ပြင်းပြင်းထန်ထန် မဖြစ်ဖို့တော့ မျှော်လင့်ထားပါတယ်။ တစ်နှစ်ကြာ အနားယူပြီးချိန်မှာ ဒီလိုအရာတွေ ဖြစ်လာတာက သာမန်ပါပဲ။ ဆရာဝန်တွေကလည်း ကျွန်တော့်ကို သတိပေးပြီးသားပါ။ ဒါကြောင့် ကျွန်တော့် အနေနဲ့ ပွဲကစားချိန်ပိုဖို့ ဂရုတစိုက် ကစားရပါမယ်"ဟု နေမာက သူ၏ Instagram တွင် ဒဏ်ရာနှင့်ပတ်သက်ပြီး ရှင်းလင်းခဲ့သည်။
နေမာသည် ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် ပြင်သစ်ကလပ် PSG အသင်းမှ အယ်လ်ဟီလာအသင်းသို့ ပြောင်းရွှေ့ကြေး ယူရို သန်း ၉၀ ဖြင့် ရောက်ရှိလာသူဖြစ်ပြီး ယခုရာသီ လူစားဝင်ကစားသည့် နှစ်ပွဲအပါအဝင် အသင်းအတွက် ခုနစ်ပွဲသာ ကစားထားရ ကြောင်း သိရသည်။
နေမာ၏ ယခင်ဒဏ်ရာရက်စွဲအချို့
ဘာစီလိုနာ ၁၆-၁-၂၀၁၄ မှ ၁၇-၂-၂၀၁၄ ၃၂ ရက်
PSG ၂၆-၁-၂၀၁၈ မှ ၂၇-၅-၂၀၁၈ ၉၀ ရက်
PSG ၂၄-၁-၂၀၁၉ မှ ၁၉-၄-၂၀၁၉ ၈၅ ရက်
PSG ၇-၆-၂၀၁၉ မှ ၉-၈-၂၀၁၉ ၆၃ ရက်
PSG ၁၄-၁၀-၂၀၁၉ မှ ၂၀-၁၁-၂၀၁၉ ၃၇ ရက်
PSG ၁၁-၂-၂၀၂၁ မှ ၁၉-၃-၂၀၂၁ ၃၆ ရက်
PSG ၂၉-၁၁-၂၀၂၁ မှ ၁၀-၂-၂၀၂၂ ၇၃ ရက်
PSG ၂၀-၂-၂၀၂၃ မှ ၃၀-၆-၂၀၂၃ ၁၃၀ ရက်
အယ်လ်ဟီလာ ၁၉-၁၀-၂၀၂၃ မှ ၂၁-၁၀-၂၀၂၄ ၃၆၈ ရက်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
