အေစီမီလန်အသင်း၏နည်းပြ ဖွန်ဆီကာက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ရင်ဆိုင်ရခြင်းမှာ မဟာအခွင့်အရေးတစ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
အေစီမီလန်အသင်းသည် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၌ လီဗာပူးလ်၊ လေဗာကူဆင်၊ ရီးယဲလ်မက်ဒရစ်စသည့် ထိပ်သီးပြိုင်ဘက်များနှင့် ဆုံတွေ့နေပြီး အင်္ဂါနေ့(ယနေ့)တွင် ရီးယဲလ်အသင်းနှင့် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ယင်းအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ဖွန်ဆီကာက ''ဒီလိုပွဲမျိုးတွေက စိတ်ဓာတ်လှုံ့ဆော်မှုများစွာ ပေးနိုင်ပါတယ်။ ဒါဟာ မဟာအခွင့်အရေးတစ်ရပ်ပါပဲ။ ရီးယဲလ်မက်ဒရစ်က ချန်ပီယံလိဂ်ဖလားရရှိဖို့ ရေပန်းစားနေတဲ့အသင်းပါ။ ဒါဟာ ကျွန်တော်တို့အတွက် ကျွန်တော်တို့ရဲ့တန်ဖိုးကို သက်သေပြဖို့ အခွင့်အရေးတစ်ခုပါ။ အကောင်းဆုံးကစားသမားတွေကို အကြောက်အလန့်မရှိ ရင်ဆိုင်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ပွဲကောင်းတစ်ပွဲဖြစ်အောင် ကစားနိုင်တယ်ဆိုတာ ယုံကြည်လို့ပါ''ဟု ပြောကြားခဲ့သည်။
အေစီမီလန်အသင်းသည် ချန်ပီယံလိဂ်(၃)ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ၌ လီဗာပူးလ်နှင့် လေဗာကူဆင်တို့ကို ရှုံးနိမ့်ခဲ့ပြီး ကလပ်ဘရုဂေးကိုသာ အနိုင်ရခဲ့သည်။
ထို့ကြောင့် အဆင့်(၂၅)နေရာသို့ ရောက်ရှိနေသော်လည်း နောက်ဆုံး(၄)ပွဲမှာ ပွဲချောင်နေသဖြင့် မျှော်လင့်ချက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။
ဖွန်ဆီကာက ရီးယဲလ်နှင့် ရင်ဆိုင်ရမည့်အခြေအနေအပေါ် ဘာစီလိုနာအား ရီးယဲလ်အသင်း (၀-၄)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲကို မိမိကြည့်ရှုခဲ့ကြောင်းနှင့် ယင်းပွဲကို ဥပမာယူ၍ ရီးယဲလ်ကို အနိုင်ယူရန် ပြင်ဆင်ထားကြောင်းလည်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
