မန်စီးတီးအသင်းသည် ဘရာဇီးလ်တိုက်စစ်ကစားသမား ရိုဒရီဂိုအတွက် ရီးယဲလ်အသင်းထံ ယူရိုသန်း(၁၅၀)ဖြင့် ကမ်းလှမ်းခဲ့ကြောင်း စပိန်မီဒီယာ Fichajes က ဖော်ပြခဲ့သည်။
ရိုဒရီဂို သည် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများဖြစ်သည့် လီဗာပူးလ်နှင့် အာဆင်နယ်တို့လည်း စိတ်ဝင်စားနေသည့် ကစားသမားဖြစ်ပြီး မန်စီးတီးနည်းပြ ဂွါဒီယိုလာ၏ အလိုအရှိဆုံးကစားသမားတစ်ဦးဖြစ်ကြောင်း သိရသည်။
ဂွါဒီယိုလာသည် နော်ဝေတိုက်စစ်မှူး ဟာလန်းကို မန်စီးတီးအသင်းတွင် ရေရှည်ထိန်းသိမ်းနိုင်ရန် မလွယ်ကူသည့်အတွက် ရိုဒရီဂိုအား ခေါ်ယူရန် ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရသည်။
အသက် ၂၃ နှစ် အရွယ်ရှိ ရိုဒရီဂို သည် ရီးယဲလ်အသင်းအတွက် ယခုရာသီတွင် ပြိုင်ပွဲစုံ ၁၄ ပွဲ ကစားထားကာ ၃ ဂိုးသွင်းယူပေးထားသည်။
မန်စီးတီးအသင်း၏ နော်ဝေတိုက်စစ်မှူး ဟာလန်းကို ရီးယဲလ် အသင်းက ယူရိုသန်း(၂၀၀)ဖြင့် ကမ်းလှမ်းဖွယ်ရှိကြောင်းလည်း သတင်းထွက်များထွက်ပေါ်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
