ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော် တပ်ကုန်းမြို့နယ်လုံးဆိုင်ရာ (၅၅) ကြိမ်မြောက် မဟာဘုံကထိန်နှင့် MSME ကုန်စည်ပြပွဲကို ဖျော်ဖြေရေး ဇာတ်ပွဲတို့ ထည့်သွင်းကာ (၇)ရက်တိုင်တိုင် ကျင်းပသွားရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ (၅၅) ကြိမ်မြောက် မဟာဘုံကထိန်နှင့် MSME ကုန်စည်ပြပွဲကို နိုဝင်ဘာ (၁၁)ရက်မှ နိုဝင်ဘာ (၁၇)ရက် (တန်ဆောင်မုန်း လဆန်း (၁၁)ရက်မှ တန်ဆောင်မုန်းလပြည့်ကျော်(၂)ရက်) အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ပွဲတော်တွင် MSME အရောင်းဆိုင်များ ကလေးကစားကွင်းပျော်ပွဲများ အရုပ်အရောင်းဆိုင်များ၊ ပွဲတော်ဈေးဆိုင်ခန်းများနှင့် လှည်းယဉ်ကျော့ပြိုင်ပွဲများ ပါဝင်ကျင်းပပြီး ဖျော်ဖြေရေးအဖြစ် Stage Car နှင့် ဖျော်ဖြေရေးဇာတ်ပွဲတို့ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဖျော်ဖြေရေး Stage Car အစီစဉ်ကို နိုဝင်ဘာ (၁၅)ရက်၊ တန်ဆောင်မုန်းလပြည့်ညနှင့် နိုဝင်ဘာ(၁၆)ရက်၊ ည (၈)နာရီမှ ည (၁၂)နာရီအထိနှင့် ဖျော်ဖြေရေး ဇာတ်ပွဲကို ဗိုလ်မင်းရောင် ရပ်ကွက်ဘောလုံးကွင်းဟောင်း သမဝါယမ ဦးစီးဌာနဝင်း နေရာတွင် နိုဝင်ဘာ (၁၃)ရက်မှ နိုဝင်ဘာ (၁၅)ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
လှည်းယဉ်ကျော့ပြိုင်ပွဲကို မြဝတီရပ်ကွက် မြို့နယ်ပြည်သူ့အားကစားဝင်းအတွင်း နိုဝင်ဘာ (၁၅)ရက်မှ နိုဝင်ဘာ (၁၆) ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ လက်ရှိတွင် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
