တန်ဆောင်မုန်းလပြည့်ညတွင် ရွှေတိဂုံစေတီတော်၌ မသိုးသင်္ကန်းရက်ပူဇော်ပွဲပြုလုပ်မည်ဖြစ်ရာ ယင်းပွဲတော်၌ ညအိပ်လာရောက်မည့် ဧည့်သည်များအားလုံး ဧည့်စာရင်းတိုင်ကြားရမည်ဟု ရွှေတိဂုံစေတီတော် ဘဏ္ဍတော်ထိန်း ဂေါပကအဖွဲ့မှ ထုတ်ပြန်အသိပေးထားသည်။
ရွှေတိဂုံစေတီတော်တွင် လာမည့်တန်ဆောင်မုန်းလဆန်း (၁၄)ရက် (နိုဝင်ဘာ (၁၄) ရက်)၌ မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲ ကျင်းပမည်ဖြစ်ပြီး ယင်း မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲကို မကျင်းနိုင်ခဲ့သည်မှာ (၅)နှစ်တာရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ယခုနှစ်နိုဝင်ဘာ (၁၄) ရက်တွင် စေတီတော်ရင်ပြင် ရာဟုထောင့် အောင်မြေတွင် ပြန်လည်ကျင်းပမည် ဖြစ်ကာ မသိုးသင်္ကန်းပိတ်စများကို ဝိနည်းတော်နှင့်အညီ ညတွင်းချင်းချုပ်လုပ်ကြကာ တန်ဆောင်မုန်းလပြည့်နေ့၊ နိုဝင်ဘာ (၁၅) ရက် အရုဏ်မတက်မီ သတ်မှတ်ရုပ်ပွားတော်များကို ကပ်လှူပူဇော်သွားမည် ဖြစ်သည်ဟုလည်း သိရသည်။
ညအိပ်ကုသိုလ်ပြုမည့် ဘုရားဖူးပြည်သူများအနေဖြင့်လည်းဧည့်စာရင်းတိုင်ကြားနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာရန်၊ လုံခြုံရေးအရ စစ်ဆေးမှုများအား ပူးပေါင်းဆောင်ရွက်ပေးရန်နှင့် ဧည့်စာရင်းတိုင်ကြားရာတွင်လည်း ရင်ပြင်တော်တောင်ဘက်ရှိ လုံ ခြုံ/မီးသတ်ဌာနရုံးခန်းနှင့် သတ်မှတ်တန်ဆောင်းများတွင် ညအိပ်ဧည့်စာရင်းတိုင်ကြားသွားရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲ၌ ဘာသာရေးအသင်းအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်ရက်လုပ်ကြမည် ဖြစ်ကာ ရရှိလာသော ပိတ်သားပြင်ကို အထည်အလိပ်ဆိုင်ရာ ပညာရှင်များက စစ်ဆေးအမှတ်ပေးပြီး ဆုအဆင့်ခွဲခြား သတ်မှတ်ကာ ဆုများ ပေးအပ်ချီးမြှင့်မည် ဖြစ်ကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
