နိုင်ငံခြားရပ်တွင် မိမိတို့ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့် မိမိတို့ တာဝန်ထမ်းဆောင်ရသည့် နိုင်ငံ၏ သမိုင်းကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာ၍ လိုအပ်သည်များကို သင်ခန်းစာယူကာ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အဖြေရှာဆောင်ရွက်ကြရန် န.စ. က. ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားလိုက်သည်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး စီးပွားရေးမောင်းနှင်အားမှာ အဓိကကျသောကြောင့် နှစ်နိုင်ငံ အကျိုးတူ စီးပွားရေးလုပ်ငန်းများ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများ အခွင့်အလမ်းရရှိစေရေး၊ သံတမန်ဆက်ဆံရေးမှတဆင့် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်းနှင့် သံတမန်လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာ၌ ပေါင်းသင်းဆက်ဆံမှု ကောင်းခြင်းမှာ လုပ်ငန်းတာဝန်များ ပိုမိုအဆင်ပြေချောမွေ့စွာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
နိုင်ငံအချင်းချင်းဆက်ဆံရာတွင် သံတမန်ဆက်ဆံရေးသည် များစွာအရေးပါသောကြောင့် ကောင်စစ်ဝန်ရုံး ဝန်ထမ်းများအနေဖြင့် မိမိတို့နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံအကျိုးစီးပွားတိုးတက်လာစေရေး နိုင်ငံ့ဝန်ထမ်းကောင်း ပီသစွာဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တာဝန်များကို ထမ်းဆောင်ရာ၌ နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲပြားစွာ သိမြင်ကြရန်လိုအပ်ပြီး နိုင်ငံတော်၏ အကျိုးကို တတ်စွမ်းသည့်အပိုင်းမှ ဖော်ဆောင်သွားရန် လိုအပ်ကြောင်း ၎င်းက အမှာစကားပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်း မိသားစုများနှင့် တရုတ်တစ်နိုင်ငံလုံးတွင် ပညာတော်သင်ကြားလျက်ရှိသည့် မြန်မာနိုင်ငံမှ စစ်ဘက်၊ အရပ်ဘက် သင်တန်းသား၊ သင်တန်းသူများအား လက်ဆောင်ပစ္စည်းများနှင့် ချီးမြှင့်ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။









-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
