အမေရိကန်သမ္မတလောင်းများဖြစ်သော ကာမလာဟဲရစ်နှင့် ဒေါ်နယ်ထရန့်တို့သည် အိမ်ဖြူတော်ကို ရောက်ရှိရန် အပြိုင်အဆိုင်ဖြစ်နေချိန် နိုဝင်ဘာ ၅ ရက်တွင် အမေရိကန်နိုင်ငံတစ်ဝန်း၌ မဲရုံများ တဖြည်းဖြည်းပိတ်နေပြီဖြစ်ကာ ရလဒ်များကို တစ်ညလုံးစောင့်ရမည်ဟု ခန့်မှန်းရသည်။
မဲများ ရေတွက်နေချိန်တွင် ထရန့်သည် ဆုကြီးများဟုဆိုရမည့် တက္ကဆက်နှင့်အိုဟိုင်ယိုတို့အပါအဝင် ပြည်နယ်၂၂ ခုတွင် လက်ရှိအချိန်ထိ အနိုင်ရနေသည်ဟု အမေရိကန်မီဒီယာက ခန့်မှန်းဖော်ပြလျက်ရှိသည်။
ထရန့်သည် ရီပတ်ဘလီကင်ယိမ်းသော အခြားပြည်နယ်များတွင်လည်း အနိုင်ရနေသည်ဟု ဆိုသည်။
ဟဲရစ်သည် လက်ရှိအချိန်ထိ ပြည်နယ် ၁၂ ခုတွင် အနိုင်ရထားသည်ဟု သိရသည်။ ကယ်လီဖိုးနီးယား၊ ကော်လိုရာဒို၊ ဒယ်လာဝဲလ်၊ အီလီနွိုက်၊ မေရီလန်း၊ မက်ဆာချူးဆက်၊ နယူးယောက်ပြည်နယ်တို့တွင် အနိုင်ရထားသည့်အပြင် အမေရိကန်မြို့တော် ဝါရှင်တန်တွင်လည်း အနိုင်ရရှိထားသည်။
လက်ရှိအချိန်ထိ ထရန့်ကကိုယ်စားလှယ်မဲ ၂၁၁ မဲ၊ ဟဲရစ်က ကိုယ်စားလှယ်မဲ ၁၇၂ မဲ ရရှိထားခြင်းဖြစ်သည်။ ကိုယ်စားလှယ်မဲ ၂၇၀ ရရှိပါက အနိုင်ရမည်ဖြစ်သည်။
ယင်းအနေအထားတွင် အရေးပါသောပြည်နယ်များ၌ ဟဲရစ် ရှုံးနေသည်ဟု အမေရိကန်မီဒီယာက ဖော်ပြနေသည်။
လက်ရှိအချိန်ထိ သမ္မတလောင်းနှစ်ဦးရရှိထားသော ကိုယ်စားလှယ်မဲများကို ခန့်မှန်းဖော်ပြသော အမေရိကန်မီဒီယာများမှာ CNN၊Fox News၊ MSNBC/NBC New၊ ABC၊ CBS တို့ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
