ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အတွင်း နိုဝင်ဘာလ ၅ ရက် ညပိုင်းအချိန်က လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ၊ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။
နိုဝင်ဘာလ ၅ ရက် ည ၇ နာရီခန့်က သိမ်ဇရပ်မြို့၊ မြရတနာရပ်ကွက်ရှိ ဘုန်းကြီးကျောင်းအနီးသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းနှင့် လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းအနီးရှိ နေအိမ်မှ ဒေါ်ခင်မြင့် ဆိုသူအမျိုးသမီးတစ်ဦးမှာ ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာရရှိခဲ့ကာ အခင်းဖြစ်ပွားပြီးချိန်တွင် သေဆုံးခဲ့ကြောင်းမြို့ခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ဒေါ်ခင်မြင့်ရဲ့ မြေးဖြစ်သူ အသက် (၁၇) နှစ်အရွယ် မလဲ့လဲ့စံ မှာလည်း ဘယ်ဘက်လက်နဲ့ ပေါင်မှာ လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။ သူ့ကိုတော့ သိမ်ဇရပ်တိုက်နယ်ဆေးရုံကို ပို့ဆောင်ထားပေးပါတယ်” ဟု ပြောကြားသည်။
ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့နှင့် အနီးဝန်းကျင်ရှိ ရပ်ကွက်နှင့် ကျေးရွာများအတွင်း လက်နက်ကြီးများ မကြာခဏကျရောက်ပေါက်မှုများရှိကြောင်းလည်း ၎င်းမြို့ခံက ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့၊ သုံးခွကျေးရွာအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ နေအိမ်တစ်လုံးပျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
