တိုကျို၊နိုဝင်ဘာ ၆
ဂျပန်နိုင်ငံ၌ အများပြည်သူသယ်ယူပို့ဆောင်ရေးဘတ်စ်ကားများအတွက် ယာဉ်မောင်းရှားပါးမှုအခက်အခဲကို ဖြေရှင်းရန်ရည်ရွယ်ချက်ဖြင့် မြို့တော်၏ နယ်မြေသုံးခု၌ မောင်းသူမဲ့ဘတ်စ်ကားများကို စတင်စမ်းသပ်ပြေးဆွဲတော့မည်ဟုသိရသည်။
အဆိုပါစမ်းသပ်ပြေးဆွဲမှုကို ဆူဂိနမိမြို့ရှိ အိုဂိခုဘိုဘက်စ်ကားဂိတ်၊ တမ မြို့ရှိ တမ ဘက်စ်ကားဂိတ်နှင့် မိဇုဟိုမြို့ရှိ ဟခိုးနဲဂဆခိ ကားဂိတ်တို့မှ စတင်စမ်းသပ်ပြေးဆွဲမည်ဖြစ်ပြီး စမ်းသပ်မှုကို ၂၀၂၄ ခုနှစ် နိုဝင်ဘာမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါနေရာတစ်ခုစီအတွက် အဆင်ပြေစေမည့် လျှပ်စစ်ကားများကို အသုံးပြုသွားမည်ဖြစ်ပြီး အိုဂိခုဘို၌ ထိုင်ခုံခုနစ်လုံးပါ ယာဉ်ငယ်ဖြင့်လည်းကောင်း၊ကျန်နေရာနှစ်ခု၌မူ ထိုင်ခုံ ၁၃ လုံးပါသည့်ယာဉ်များဖြင့် စမ်းသပ်ပြေးဆွဲသွားမည်ဟုလည်းပြောကြားခဲ့သည်။
မောင်းသူမဲ့ဟုဆိုသော်လည်း ယခုစမ်းသပ်ကာလတွင် လိုအပ်ပါက ထိန်းချုပ်နိုင်ရန်အတွက် စတီယာရင်နှင့်ဘရိတ်ကိုအသုံးပြုထိန်းချုပ်နိုင်ရန်အတွက် အော်ပရေတာလိုအပ်သေးကြောင်းသိရသည်။
ယခုအစီအစဉ်အပေါ် လူထု၏သဘောထားတုန့်ပြန်ချက်နှင့် ယခုထက်ပို၍တွင်တွင်ကျယ်ကျယ်အကောင်အထည်ဖော်နိုင်ရန်အတွက် အစိုးရသည်ခရီးသည်များ၏ အမြင်ကိုစစ်တမ်းကောက်ယူသွားမည်ဟုသိရသည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
