မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် သွင်းကုန်လုပ်ငန်းရှင်များအား တရုတ်ယွမ် (၇) သန်းနှင့် ထိုင်းဘတ် သန်း (၂၀) ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
စက်သုံးဆီနှင့် အခြားသွင်းကုန်များ တင်သွင်းရန်အတွက် အဓိကလိုအပ်သည့် ဒေါ်လာ၊ တရုတ်ယွမ်နှင့် ထိုင်းဘတ်တို့ကို FX Trading Platform မှတဆင့် ထုတ်ရောင်းပေးနေခြင်းဖြစ်သည်။
ဗဟိုဘဏ်မှ ဒေါ်လာထုတ်ရောင်းပေးမှုအနေဖြင့် ဩဂုတ်လ (၁) ရက်မှ နိုဝင်ဘာ (၅) ရက်အထိ သုံးလကျော်တွင် ဒေါ်လာ (၂၅၆) သန်းကျော်၊ ထိုင်းဘတ် (၁ ဒသမ ၀၅၄)ဘီလျံနှင့် တရုတ်ယွမ် (၅၁) သန်းကျော်အထိ ထုတ်ရောင်းပေးထားသည်။
ထို့ပြင် ယခုဘဏ္ဍာနှစ်၏ ခုနှစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံကျော် ထုတ်ရောင်းပေးထားပြီး ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်းများမှာ တစ်ဒေါ်လာ (၄၅၃၀) ကျပ်၊ ထိုင်းတစ်ဘတ်လျှင် (၁၃၃.၃၃) ကျပ် ၊ တရုတ်ယွမ်တစ်ယွမ်လျှင် (၆၃၅) ကျပ်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
